Powered by Blogger.

လီဗာပူး အသင်းရဲ့ မန်နေဂျာ အဖြစ်ဆက်လက် ရှိနေဦးမယ့် Brendan Rodgers




ပြီးခဲ့တဲ့ ဘောလုံးရာသီ ရလဒ် တွေကြောင့် ထိုင်ခုံ လှုပ်နေပြီဖြစ်တဲ့ Brendan Rodgers ဟာ လီဗာပူး အသင်းရဲ့ မန်နေဂျာ အဖြစ်ဆက်လက် ရှိနေဦးမှာဖြစ်ပြီး သူ့ရဲ့ ဘောလုံးအသင်းဟာ လာမယ့် ဘောလုံးရာသီ မှာ ခြေစွမ်းတွေ တိုးတက်လာရလိမ့်မယ် လို့တော့ သတိပေးခံခဲ့ရပါတယ်။

Brendan Rodgers တစ်ယောက် လီဗာပူး  အသင်းရဲ့ Chairman ဖြစ်တဲ့ Tom Werner နဲ့ Fenway Sports Group ရဲ့ ဥက္ကဋ္ဌ Mike Gordon တို့နဲ့တွေ့ဆုံပြီးတဲ့နောက်မှာမှ အသင်းမှာ ဆက်လက်ရှိနေဖို့ သေချာသွားတာပဲဖြစ်ပါတယ်။

Werner နဲ့ Gordon တို့ ၂ ယောက်ဟာ လီဗာပူး အသင်းရဲ့ အပြစ်တင်ချင်စရာ ရလဒ်တွေနဲ့ အဆင့်ခြောက် နေရာ မှာ ရပ်တည်နေရမှု အပြင် ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်မှာ စတုတ် စီးတီး အသင်းကို ၆ ဂိုး - ၁ ဂိုး နဲ့ ရှုံးနိမ့်ခဲ့မှု တွေအားလုံးကို ခွဲခြမ်းစိတ်ဖြာပြီး Brendan Rodgers ကို မန်နေဂျာ အဖြစ်ဆက်လက်လုပ်ကိုင်စေခဲ့ပေမယ့် နောက်နှစ်ဘောလုံးရာသီမှာတော့ ခြေစွမ်း တက် လာအောင် လုပ်ရလိမ့်မယ်လို့ Brendan Roders ကို ပြောခဲ့ကြတာပဲဖြစ်ပါတယ်။

Werner နဲ့ Gordon တို့ ဟာ  ပြောင်းရွှေ့ကြေးအလွတ်နဲ့ခေါ်ယူလို့ရမယ့် James Milner နဲ့ Danny Ings တို့ကိုလည်း အန်ဖီးလ် ကွင်း ကို ရောက်လာတော့မယ်လို့ ယုံကြည်ထားကြပါတယ်။

လီဗာပူး အသင်းဟာ မကြာခင်ရောက်လာတော့မယ့် James Milner ကိုလည်း တစ်ပတ် လုပ်အားခ စတာလင်ပေါင်၁၅၀၀၀၀ ပေးဖို့ စီစဉ်ထားပြီး လီဗာပူး အသင်းရဲ့ ကြယ်ပွင့် ကစားသမားဟောင်း Jamie Carragher ကတော့ James Milner ဟာ အသင်းက ထွက်ခွာ အနားယူသွားရှာ ပြီဖြစ်တဲ့ Steven Gerard ရဲ့ နေရာကို အစားထိုးနိုင်လိမ့်မယ်လို့ ဆိုထားပါတယ်။

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment