Powered by Blogger.

အပတ်တိုင်း ပထမအသင်းမှာ ကစားချင်တယ်လို့ Robin van Persie ဆို




မန်ယူတိုက်စစ်မှုး Robin van Persie ဟာ မန်ယူနဲ့ သူ့ရဲ့ ကံကြမ္မာကို ပထမဆုံး အကြိမ်ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Robin van Persie ရဲ့ သဘောထားကတော့ နောက်နှစ်ဘောလုံးရာသီမှာ သူဟာ အပတ်တိုင်း အသင်းရဲ့ ပထမအသင်းမှာ ပါဝင် ကစားခွင့်ရချင်တာ ပဲဖြစ်ပါတယ်။

အသက် ၃၁ နှစ် အရွယ် တိုက်စစ်မှုး Robin van Persie ဟာ  မန်ချက်စတာယူနိုက်တက် အသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်ကျန်ရှိနေသေးပြီး သူ့ရဲ့ သဘောထားဟာ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဂျူဗင်တပ်စ် အသင်းနဲ့ တူရကီ ကလပ် Fenerbahce တို့အတွက် သတင်းတစ်ခု ဖြစ်လာမှာပါ။

ဟော်လန်တိုက်စစ်မှုး van Persie ကို အခြား ပရီးမီးယားလိဂ် အသင်းတွေကလည်း စိတ်ဝင်စားနေပေမယ့်လည်း မန်ယူ ရဲ့ ဘယ်အသင်းကို ပြောင်းရွှေ့စေလိုတဲ့ သဘောထား ပေါ်မူတည်နေပါတယ်။

"ကျွန်တော် ပထမအသင်းမှာ ကစားချင်ပါတယ်။ ပြီးတော့ အပတ်တိုင်း အသင်းကြီးတစ်သင်းမှာ နေရာ ရာထူးကောင်းကောင်း နဲ့ ကစားနေချင်ပါတယ်" လို့ Robin van Persie က ဆိုပါတယ်။

Robin van Persie က သူ့အပေါ် မန်ယူ မန်နေဂျာ Louis van Gaal ရဲ့ သဘောထားကို လည်း Louis van Gaal က မန်ယူအသင်းရဲ့ မန်နေဂျာ ဖြစ်ပြီး Robin van Persie ရဲ့ မန်နေဂျာ မဟုတ်တဲ့အတွက် ကစားသမား ၂၅ ယောက်စာကို တွေးရမှာ ဖြစ်တယ်လို့ van Persie က ဆိုပါတယ်။

Robin van Persie အတွက် အိုးထရက်ဖို့ဒ် ကွင်းကို စွန့်ခွာဖို့ ဖြစ်လာစေခဲ့တာကတော့ ဖေဖော်ဝါရီလ မှာ ခြေကျင်းဝတ် ဒဏ်ရာ ရရှိခဲ့ပြီး ပြန်လည်သက်သာလာတဲ့နောက်မှာ တစ်ပွဲ သာ အသင်းအတွက် ၀င်ကစားခွင့်ရခဲ့လို့ပဲ ဖြစ်ပါတယ်။

( Mario )

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment