Powered by Blogger.

Steve McClaren တစ်ယောက် နယူးကာဆယ် မန်နေဂျာ ဖြစ်လာမှာလား




Steve McClaren ဟာ နယူးကာဆယ် အသင်းရဲ့ နည်းပြချုပ် ရာထူးအတွက် စောင့်မျှော်နေပါတယ်။ Patrick Vieira နဲ့ နယူးကာဆယ်ရဲ့ မန်နေဂျာ ရာထူးအတွက် ဆွေးနွေးမှုဟာ ပယ်ဖျက်ခဲ့ပြီးတဲ့နောက်မှာတော့ Steve McClaren အတွက် မျှော်လင့်ချက် ရှိလာခဲ့တာဖြစ်ပါတယ်။

အရင် အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ နည်းပြဟောင်း တစ်ယောက်ဖြစ်တဲ့ McClaren ဟာ နယူးကာဆယ် အသင်းရဲ့ အကြံပေးအဖွဲ့ ဥက္ကဋ္ဌ Graham Carr ရဲ့ ထောက်ခံမှုနဲ့အတူ St James' Park ကွင်းကြီးကို ပြန်လာနိုင်ချေရှိနေပြန်ပါတယ်။

ပြင်သစ်နဲ့ အာစင်နယ် ရဲ့ ဂန္တ၀င် ကစားသမားဟောင်း Patrick Vieira နဲ့ နယူးကာဆယ် အသင်းရဲ့ ဆွေးနွေးမှု တွေ ဟာ သဘောတူညီမှု မရရှိခဲ့တဲ့နောက် လက်ရှိမန်ချက်စတာစီးတီး လူငယ်အသင်းရဲ့ ဒါရိုက်တာလုပ်နေတဲ့ Vieira အတွက်တော့ တူရကီ ကလပ် Fenerbahce နဲ့ ဆွေးနွေးဖို့ပဲ ကျန်ပါတော့တယ်။

McClaren ဟာ နယူးကာဆယ် အသင်းရဲ့ ပိုင်ရှင် Mike Asley နဲ့လည်း အရင်ကတည်းက ရင်းနှီးခဲ့ဖူးပြီး Graham Carr နဲ့လည်း အဆင်ပြေနေတဲ့အတွက် လာမယ့် ဘောလုံးရာသီ မှာ နယူးကာဆယ် အသင်းရဲ့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်း တွေကို လုပ်ဆောင်ခွင့် ရလာဖွယ်ရှိနေပါတယ်။

လက်ရှိ အသင်းမှာ ခြေစွမ်းပြနေတဲ့ ကွင်းလယ်ကစားသမား Moussa Sissoko ရဲ့ အနာဂါတ်ကတော့ အသစ်ပြောင်းရွှေ့လာမယ့် မန်နေဂျာ အသစ်အပေါ် မူတည်နေပါတယ်။ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ် အနေနဲ့ ၀က်စ်ဟမ်း အသင်းနဲ့ ယှဉ်ပြိုင်စဉ်က အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ Moussa Sissoko ကို Jose Mourinho က မျက်ခြေမပြတ် စောင့်ကြည့်နေပြီး ချဲလ်ဆီး အသင်းရဲ့ အလယ်တန်း အတွက် အားဖြည့်ချင်နေတယ်လို့လည်း သိရပါတယ်။

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment