Powered by Blogger.

Raheem Sterling ကို စတာလင်ပေါင် ၂၅ သန်းနဲ့ ခေါ်ယူဖို့ မန်ယူ ကမ်းလှမ်း




မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လီဗာပူးတိုက်စစ်မှုး Raheem Sterling ကို ခေါ်ယူဖို့အတွက် စတာလင်ပေါင် ၂၅ သန်းနဲ့ ထပ်မံ ကမ်းလှမ်းလိုက်ပါတယ်။

ပြီးခဲ့တဲ့လတုန်းက မန်ယူ အသင်း ရဲ့ ပထမအကြိမ် ချဉ်းကပ်ခဲ့မှုကို  လီဗာပူး အသင်းက ပယ်ချခဲ့ပြီးတဲ့နောက် မှာ Louis van Gaal က Sterling ကိုခေါ်ယူဖို့အရှုံးမပေးပဲ ငွေကြေး ပမာဏ တိုးမြှင့် ပြီး ကမ်းလှမ်းခဲ့တာပဲ ဖြစ်ပါတယ်။ အခုတစ်ကြိမ် မန်ယူ ရဲ့ ကမ်းလှမ်းမှု ဟာ Sterling ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းကြီးတွေအတွက် ဈေးပြိုင်ခေါ်ဆိုမှု တစ်ခု ဖြစ်လာစေခဲ့ပါတယ်။

Van Gaal က အသက် ၂၀ အရွယ် Raheem Sterling ဟာ ပရီးမီးယားလိဂ်ရဲ့ လူငယ်ခြေတတ်တစ်ယောက်ဖြစ်ပြီး အိုးထရက်ဖို့ဒ်မှာ ခြေစွမ်းပြနိုင်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဒါ့အပြင် Sterling ဟာ ဒီနှစ်နွေရာသီမှာ မန်ယူ ကို ပြောင်းရွှေ့လာလိမ့်မယ်လို့လည်း Van Gaal က ခံစားမိနေပါတယ်။ ဘာလို့လဲဆိုတော့ လီဗာပူး အသင်းနဲ့ Sterling ရဲ့ စာချုပ်သက်တမ်းဟာ ပြီးဆုံးနေပြီဖြစ်တဲ့အတွက်ပါ။

အကယ်၍ လီဗာပူး အသင်းက မန်ယူ ရဲ့ ကမ်းလှမ်းမှုကို ထပ်မံ ပယ်ချလိုက်မယ်ဆိုရင်တော့ မန်စီးတီး အသင်းအတွက် Sterling ကိုခေါ်ယူဖို့ အခွင့်အရေးကောင်းတွေ ရလာမှာပါ။ မန်စီးတီး အသင်းက Sterling ကို စိတ်ဝင်စားနေတာ နှစ်ပေါင်းများစွာ ကြာနေခဲ့ပါပြီ။

ဒါပေမယ့်လည်း မန်စီးတီးသာ Sterling ကို ခေါ်ယူမယ်ဆိုရင်တော့ စတာလင်ပေါင် သန်း ၄၀ ကနေ သန်း ၅၀ အထိ ပမာဏ ရှိတဲ့ ပြောင်းရွှေ့ကြေးနဲ့ပဲ ကမ်းလှမ်းလို့ ရမှာဖြစ်ပါတယ်။ အာစင်နယ် ၊ ချဲလ်ဆီး ၊ ရီးရဲမက်ဒရစ် နဲ့ ဘိုင်ယန်မြူးနစ် အသင်းတို့ကလည်း Sterling ရဲ့ အပြောင်းအရွှေ့ အစီအစဉ်တွေကို စောင့်ကြည့်နေပြီး Sterling အနေနဲ့ကတော့ သူ့ရဲ့ဇာတိ မြို့ဖြစ်တဲ့ လန်ဒန် မြို့ခံ အာစင်နယ် နဲ့ ချဲလ်ဆီး တစ်သင်းသင်းကို ပြောင်းဖို့ ဆန္ဒရှိနေတယ်လို့တော့ ထင်မြင်ရပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment