Powered by Blogger.

ကမ္ဘာ့ဖလားမှာ နိုင်ပွဲမရရှိခဲ့တဲ့ မြန်မာ ယူ-၂၀ အသင်း




ပထမဆုံး အကြိမ် ကမ္ဘာ့ဖလား ၀င်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာနိုင်ငံလက်ရွေးစင် U-20 အသင်းဟာ အုပ်စု ပွဲစဉ်မှာ ၃ ပွဲလုံး ရှုံးနိမ့်ပြီး အုပ်စု အဆင့်နဲ့တင် ပြိုင်ပွဲ နှုတ်ထွက်ခဲ့ရပြီဖြစ်ပါတယ်။

နယူးဇီလန် နိုင်ငံမှာ ကျင်းပတဲ့ ယူ-၂၀ ကမ္ဘာ့ဖလားပွဲစဉ်မှာတော့ ကမ္ဘာ့ဖလားပွဲကို ဖွင့်လှစ်တဲ့ ပထမဆုံးပွဲ အဖြစ် မြန်မာ အသင်းဟာ USA အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်။ ထို အဖွင့်ပွဲစဉ်မှာပဲ ကမ္ဘာ့ဖလား ရဲ့ ပထမဆုံး ဂိုးအဖြစ် မြန်မာအသင်းမှ ကစားသမား ရန်နိုင်ဦး က သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ပထမပိုင်းမှာ ပဲ USA က ချေပဂိုးကိုသွင်းယူခဲ့သလို ဒုတိယ ပိုင်း ၅၆ မိနစ်မှာတော့ အနိုင်ဂိုးကိုပါရရှိသွားပြီး ထိုပွဲကို USA က ၂ဂိုး-၁ဂိုး နဲ့ အနိုင်ရသွားခဲ့ပါတယ်။

ဒုတိယ ပွဲစဉ်အဖြစ်လည်း ယူကရိန်းနဲ့ ယှဉ်ပြိုင်ရာမှာတော့ မြန်မာအသင်းဟာ ၆ ဂိုး - ဂိုး မရှိနဲ့ မရှုမလှ ရှုံးနိမ့်ခဲ့ရပါတယ်။ ၂ပွဲ ရှုံးပြီးတဲ့နောက် မြန်မာအသင်းဟာ တစ်မှတ် မှ မရသေးပဲ နောက်ဆုံး မျှော်လင့်ချက်အနေနဲ့ နယူးဇီလန်ကို အနိုင်ကန်နိုင်မှာဖြစ်မှာပါ။

ဒါပေမယ့် မနေ့က ပဲ ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာ နဲ့ အိမ်ရှင် နယူးဇီလန် တို့ရဲ့ ပွဲစဉ်မှာတော့ မြန်မာအသင်းဟာ ၅ ဂိုး - ၁ ဂိုး နဲ့ ရှုံးနိမ့်ခဲ့ပြန်ပါတယ်။ ဒီပွဲမှာလည်း ဦးဆောင်ဂိုးကို မြန်မာက သွင်းယူခဲ့ပေမယ့်လည်း မထင်မှတ်ထားတဲ့ ရလဒ်တွေအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။

မြန်မာ ယူ-၂၀ အသင်းရဲ့ ခြေစွမ်းဟာ မြန်မာ လက်ရွေးစင် အသင်းတိုင်းရဲ့ ခြေစွမ်းကိုကျော်လွန်ခဲ့ပေမယ့်လည်း ဒီပြိုင်ပွဲမှာ နိုင်ပွဲမရခဲ့တာဟာ ကမ္ဘာ့အဆင့်မမှီသေးတာ ကြောင့်ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေကတော့ သုံးသပ်ထားကြပါတယ်။

မြန်မာလက်ရွေးစင် ယူ-၂၀ အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲက ထွက်လိုက်ရတဲ့အတွက် မြန်မာ ပရိတ်သတ် တွေ စောင့်မျှော်ရင်ခုန် ကြည့်ရှုစရာ အရှေ့တောင်အာရှ ပြိုင်ပွဲ (SEAGAMES) မှာ ယှဉ်ပြိုင်နေတဲ့ ယူ-၂၃ အသင်းသာ ကျန်ပါတော့တယ်။

#သစ်ထူးလွင်(အားကစား)
#sport.thithtoolwin.com

Ref : FIFA
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment