Powered by Blogger.

မြန်မာတွေ ဂုဏ်ယူရဦးမယ့် ဆီးဂိမ်းပွဲစဉ် ၃




မြန်မာ ပရိတ်သတ်တွေ ရင်ခုန်နေရတဲ့ ဘောလုံး ပြိုင်ပွဲ ၂ ခုရှိခဲ့ပါတယ်။ တစ်ခုကတော့ ယူ-၂၀ အသင်း ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ ကမ္ဘာ့ဖလား ပွဲစဉ်ဖြစ်ပြီး တစ်ခုကတော့ ယူ-၂၃ အသင်းဝင်ရောက်ယှဉ်ပြိုင်နေတဲ့ SEAGAMES ပြိုင်ပွဲပဲ ဖြစ်ပါတယ်။ အားလုံးသိတဲ့အတိုင်းပဲ ကမ္ဘာ့ဖလားကတော့ မျှော်လင့်ချက် လုံးဝ မရှိတော့ပါဘူး။

အခုအချိန်မှာ အားလုံး မျှော်လင့်နေကြတာကတော့ SEAGAMES ရလဒ်တွေပဲဖြစ်ပါတယ်။အဖွင့်ကောင်းခဲ့တဲ့ မြန်မာ ယူ-၂၃ အသင်းဟာ ၂ ပွဲ ကန်ထားတဲ့အချိန်မှာ ၂ ပွဲလုံးကို အနိုင်ရထားပါတယ်။ ပထမဆုံး ပွဲစဉ်အဖြစ် အင်ဒိုနီးရှား အသင်းကို ၄ ဂိုး - ၂ ဂိုး နဲ့ အနိုင်ရခဲ့ပြီး ဒုတိယ မြောက်ပွဲစဉ်အဖြစ် အိမ်ရှင် စင်္ကာပူ အသင်းကို ၂ဂိုး - ၁ ဂိုး နဲ့ အနိုင်ရထားပြန်ပါတယ်။

ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ မြန်မာ ယူ-၂၃ အသင်းဟာ ဖိလစ်ပိုင် အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ မြန်မာ အသင်းယှဉ်ပြိုင်နေရတဲ့ အုပ်စု A မှာတော့ မြန်မာ ၊ စင်္ကာပူ ၊ ကမ္ဘောဒီးယား ၊ အင်ဒိုနီးရှား ၊ ဖိလစ်ပိုင် အသင်း ၅ သင်း ယှဉ်ပြိုင်နေရပါတယ်။ ဖိလစ်ပိုင် အသင်းဟာလည်း မြန်မာ ယူ-၂၃ အတွက်တော့ သိပ်ပြီး စိတ်ပူစရာ မရှိတာက ဖိလစ်ပိုင်ဟာ စင်္ကာပူ အသင်းကိုလည်း ၁ဂိုး-ဂိုးမရှိ နဲ့ ရှုံးထားပြီး ကမ္ဘောဒီးယားကိုလည်း ၃ဂိုး - ၁ဂိုး နဲ့ ရှုံးနိမ့်ထားပါတယ်။

ဒါပေမယ့်လည်း အရှေ့တောင်အာရှ မီဒီယာ တွေရဲ့ ဖော်ပြချက်အရတော့ ဖိလစ်ပိုင် အသင်းဟာ SEAGAMES ပြိုင်ပွဲအတွက် အထူး စီစဉ်ထားခဲ့ပြီး အသင်းမှာလည်း မတူညီတဲ့ ပြောင်းလဲမှုတွေလုပ်ထားတယ်ဆိုတာပါပဲ။ ဒါကြောင့် မြန်မာ ယူ-၂၃ အသင်းအနေနဲ့ သိပ်တော့ လျှော့တွက်ထားလို့ မရပါဘူး။

ကမ္ဘောဒီးယား အသင်းနဲ့တော့ မြန်မာအသင်းအနေနဲ့ ၁၀ ရက်နေ့မှာ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ၇ ရက်နေ့ညမှာ ယှဉ်ပြိုင်မယ့် ဖိလစ်ပိုင်နဲ့ ပွဲစဉ်ကို အနိုင်ရလိုက်ရင်တော့ မြန်မာ အသင်းအနေနဲ့ အုပ်စု အဆင့်က တက်ဖို့ သေချာသလောက်ဖြစ်သွားမှာပါ။

အုပ်စု B မှာတော့ ဗီယက်နမ် အသင်းနဲ့ ထိုင်း အသင်းတို့ဟာ ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။ ကမ္ဘာ့ဖလားရဲ့ ရှုံးနိမ့်မှုတွေကို SEAGAMES အောင်မြင်မှုတွေနဲ့ ပြန်လည် ခြေဖျက်သွားနိုင်ဖို့တော့ မြန်မာ ပရိတ်သတ် အားလုံးက မျှော်လင့်နေကြပါတယ်။

#သစ်ထူးလွင်(အားကစား)
#sport.thithtoolwin.com

Ref : Seagames
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment