Powered by Blogger.

အ၀တ်လဲခန်းထဲက သံယောဇဉ်တွေက ဘာစီလိုနာကို အောင်မြင်စေခဲ့တယ်လို့ Gerard Pique ဆို


သားဖြစ်သူ Milan Pique Mebarak နဲ့ အတူ အောင်ပွဲခံနေတဲ့ Gerard Pique


ဘာစီလိုနာ အသင်းရဲ့ ဒီနှစ်ဘောလုံးရာသီ ဖလား ၃ လုံး ပိုင်ဆိုင်ခဲ့မှုဟာ အ၀တ်လဲခန်းထဲက အသင်းရဲ့ အဖွဲ့အစည်း စိတ်ဓါတ် ကြောင့်ဖြစ်တယ်လို့ ဘာစီလိုနာ နောက်တန်းကစားသမား Gerard Pique ကဆိုလိုက်ပါတယ်။

Luis Enrique ရဲ့ အဖွဲ့သားတွေဟာ စနေနေ့ညက ပဲ ဘာလင်မှာ ပြုလုပ်ခဲ့တဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ်မှာ ဂျူဗင်တပ်စ် အသင်းကို ၃ဂိုး - ၁ဂိုး နဲ့ အနိုင်ရပြီးတဲ့နောက် ချန်ပီယံလိဂ် ဖလား ၊ လာလီဂါ ဖလား နဲ့ Copa Del Rey ဖလား တို့ကို ဘောလုံးရာသီ တစ်ခုအတွင်း တစ်ပြိုင်နက် ပိုင်ဆိုင်ခွင့်ရခဲ့တာပဲဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ နောက်တန်းကစားသမားဟောင်းတစ်ယောက်လည်းဖြစ်တဲ့ Gerard Pique ကတော့ အ၀တ်လဲခန်းအတွင်းက အသင်းအဖွဲ့ ဆိုင်ရာ သံယောဇဉ်တွေက အောင်မြင်မှု လမ်းကြောင်းကို ဖန်တီး ခဲ့တယ်လို့ ယုံကြည်နေပါတယ်။

အမှန်တစ်ကယ်ကတော့ လက်ရှိ စီးရီးအေ ချန်ပီယံ ဂျူဗင်တပ်စ် အသင်းဟာ လည်း ဖလား ၃ လုံး အိပ်မက်ကို မက်နေတဲ့ အသင်းတစ်သင်းဖြစ်ပြီး ဂျူဗင်တပ်စ် ရဲ့ အိပ်မက် ကိုတော့ Ivan Rakitic ၊ Luis Suarez နဲ့ Neymar တို့က ဖျက်ဆီးလိုက်ကြတာပဲ ဖြစ်ပါတယ်။

"ဒီလို အနိုင်ရခြက်းထက်ပိုကောင်းတဲ့ အနိုင် မျိုးမရှိနိုင်ပါဘူး။ဇန်န၀ါဇရီလနောက်ပိုင်းမှာ အရာအားလုံးဟာ လဲပြိုသွားသလို ဖြစ်နေပါတယ်။ ၅ လ ခန့်ကြာတဲ့အခါမှာမှ ကျွန်တော်တို့ ကမ္ဘာ့ အကောင်းဆုံး အသင်းတွေကို အနိုင်ရခဲ့ပါတယ်။အင်္ဂလန် ချန်ပီယံ ၊ အီတလီ ချန်ပီယံ ၊ ဂျာမနီ ချန်ပီယံ ကျွန်တော်တို့တော်တော်လေး ရုန်းကန်ခဲ့ရပါတယ်။" လို့ Gerard Pique က ဆိုပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sport.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment