Powered by Blogger.

မန်ယူအနေနဲ့ စတာလင်ပေါင်း သန်း ၂၀၀ အထိ သုံးသင့်တယ်လို့ Van Persie ဆို




ဟော်လန်နိုင်ငံသား မန်ယူတိုက်စစ်မှုး Robin van Persie က သူ့အနေနဲ့ မန်ချက်စတာယူနိုက်တက် အသင်းကို နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ စတာလင်ပေါင် သန်း ၂၀၀ အထိ သုံးစွဲ စေချင်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မန်ယူ အသင်းရဲ့ မန်နေဂျာ Louis van Gaal ကလည်း သူ့ရဲ့ ပထမဆုံး မန်ယူကို ကိုင်တွယ်ခဲ့တဲ့နှစ်ဖြစ်တဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း ကစားသမား ၆ ယောက် ကို ခေါ်ယူခဲ့ပြီး Angel Di Maria ကိုလည်း ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ဟော်လန်လူမျိုးတစ်ယောက်ဖြစ်တဲ့ Louis van Gaal အနေနဲ့ တပ်ပျက်နေတဲ့ မန်ယူ အသင်းကို ချန်ပီယံ လိဂ် ၀င်ခွင့်ရဖို့ ပြန်လည် ကူညီပေးနိုင်ခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ် ချန်ပီယံ အဖြစ်နဲ့တော့ ဝေးကွာသွားခဲ့ပါတယ်။ 

မန်ယူအသင်းကို နောက်နှစ်မှာ ချန်ပီယံ ပြန်ဖြစ်နိုင်အောင် ရည်ရွယ်ပြီး အသင်းကို Louis van Gaal က တည်ဆောက်နေတဲ့အတွက်လည်း Van Persie အတွက်တော့အနာဂါတ် မသေမချာ ဖြစ်နေခဲ့ပါတယ်။

"မန်ယူအနေနဲ့ စတာလင်ပေါင် သန်း ၂၀၀ ကို သုံးစွဲပြီး မနှစ်က ကစားသမားတွေခေါ်ယူခဲ့ပါတယ်။ ဒီနှစ်လည်း သူတို့ စတာလင်ပေါင် သန်း ၂၀၀ ထပ်သုံးမယ်ဆိုရင် အသင်းအတွက် ပြည့်စုံတဲ့ ကစားသမားတွေရလာမှာပါ" Van Persie က ဆိုပါတယ်။

Van Persie ဟာ မနှစ်က ဘောလုံးရာသီမှာ ခြေစွမ်းမပြနိုင်မှုကြောင့် ဝေဖန်မှုတွေကို ရင်ဆိုင်နေရပြီး အိုးထရက်ဖို့ဒ် ကနေ ထွက်ခွာဖို့ စီစဉ်နေပြီဖြစ်ပါတယ်။ အသက် ၃၁ နှစ်ရှိနေပြီဖြစ်တဲ့ ဟော်လန် တိုက်စစ်မှုးကတော့ ချန်ပီယံလိဂ် ပြိုင်ပွဲ မှာ ပွဲစဉ်တိုင်း ၀င် ကစားချင်တယ်လို့လည်း ၀န်ခံထားပါသေးတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sport.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment