Powered by Blogger.

လီဗာပူးအနေနဲ့ နာမည်ကြီးတိုက်စစ်မှုး တစ်ယောက်လိုအပ်နေသေးတယ်လို့ Danny Murphy ဆို




လီဗာပူး အသင်းအနေနဲ့ နောက်နှစ်ဘောလုံးရာသီမှာ ထိပ်ဆုံး ၄ သင်းထဲ ၀င်နိုင်စေဖို့အတွက် ထိပ်တန်း နာမည်ကြီး တိုက်စစ်မှုး တစ်ယောက်လိုအပ်နေတယ်လို့ လီဗာပူး အသင်းရဲ့ ကစားသမား ဟောင်းကြီး Danny Murphy က သတိပေးလိုက်ပါတယ်။

လီဗာပူး အသင်းဟာ ဘန်လေ အသင်းရဲ့ တိုက်စစ်မှုး ဟောင်း Danny Ings နဲ့ ဘန်လေ အသင်းရဲ့ သဘောတူ စာချုပ် ကုန်ဆုံးသွားပြီဖြစ်တဲ့အတွက် လီဗာပူး ကိုခေါ်ယူဖို့အတွက် သဘောတူထားပြီးဖြစ်နေပါတယ်။

ဘာပဲဖြစ်ဖြစ် Danny Ings ဟာလည်း ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် သွင်းဂိုး ၁၁ ဂိုးသာရှိခဲ့ပြီး Murphy ရဲ့ ပြောကြားချက်အရတော့ သူ့ရဲ့ အသင်းဟာ တိုက်စစ်ကို အရှိန်အဟုန် မြှင့်တင်ဖို့ လိုအပ်နေသေးတယ်လို့ ဆိုလိုက်တာပဲ ဖြစ်ပါတယ်။

"Danny Ings ဟာ တော်ပါတယ်။ သူဟာ ဂိုးတွေအများကြီး သွင်းနိုင်ပါတယ်။ သူဟာဘန်လေမှာ ကစားခဲ့တာဖြစ်တဲ့အတွက် သူကို ပြီးခဲ့တဲ့ ဘောလုံးရာသီတစ်ခုတည်းနဲ့ ဆုံးဖြတ်ဖို့ ခက်ပါတယ်။ သူဟာလူတော်တစ်ယောက်ပါ ၊ ဒါပေမယ့် သူဟာ ထိပ်တန်း ကစားသမား တစ်ယောက် ဖြစ်တယ်ဆိုတာကိုတော့ သက်သေမပြနိုင်သေးပါဘူး" လို့ Danny Murphy က ဆိုပါတယ်။

Danny Ings ဟာ အင်္ဂလန်နိုင်ငံသား တစ်ယောက်ဖြစ်နေတဲ့အတွက်လည်း လီဗာပူးအတွက် သတင်းကောင်းတစ်ခုဖြစ်ပေမယ့်လည်း ထိပ်ဆုံး ၄ သင်းထဲ ပြန်ရောက်နိုင်ဖို့အတွက်တော့ ကောင်းမွန်တဲ့ တိုက်စစ်မှုးတစ်ယောက်လိုအပ်မှာ ဖြစ်ပါတယ်။နာမည်ပိုကြီးပြီး ထိပ်တန်းစာရင်း ၀င်တစ်ယောက်ဖြစ်ဖို့လိုပါတယ် လို့လည်း Danny Murphy ကဆိုထားပါသေးတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sport.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment