Powered by Blogger.

မန်ယူ ၊ အာစင်နယ်နဲ့ လီဗာပူး အသင်းတွေက ရီးရဲ ရဲ့ ဘယ်-နောက်တန်း ကစားသမား Fabio Coentrao ကို ခေါ်ယူဖို့ စိတ်ဝင်စားနေ



နောက်ထပ် ရင်ခုန်စရာကောင်းတဲ့ ပရီးမီးယား လိဂ်ရဲ့ စနေ ၊ တနင်္ဂနွေတွေ ဟာ ကုန်လွန်ခဲ့ပြန်ပါပြီ။ အာစင်နယ်ဟာလည်း နောက်ထပ် အမှတ်တွေ ဆုံးရှုံးခဲ့ပြန်ပါပြီ။ ဒါပေမယ့် ဒီ ရလဒ်တွေက အပြောင်းရွှေ့ဈေးကွက် ကို အကျိုးသက်ရောက်နိုင်မလားဆိုတာကတော့ စိတ်ဝင်စားစရာပါ။

ဇန်န၀ါရီလမှာ အပြောင်းအရွှေ့ရာသီ ပြန်စတာ နဲ့ မန်နေဂျာတွေအားလုံးဟာ ကစားသမား အသစ်တွေခေါ်ယူဖို့စောင့်ကြည့်နေကြပါတယ်။ အာစင်နယ် ဟာ သူ့ရဲ့ နောက်တန်း ခံစစ် ကို အားဖြည့်ဦးမှာလား။ 

မန်ချက်စတာ ယူနိုက်တက် က သူ့ရဲ့ ကစားကွက်ထဲ လူထပ်ဖြည့်မှာလား။ လီဗာပူး နဲ့ မန်ချက်စတာ စီးတီး က ဘယ်သူ့ကိုခေါ်မှာလဲ ဆိုတာတွေကတော့ ပရီးမီးယားလိဂ် ပရိတ်သတ်တွေ စိတ်ဝင်စားနေတာတွေပါပဲ။

နောက်ဆုံးရ သတင်းတွေအရတော့ မန်စီးတီး အသင်းရဲ့ ပိုင်ရှင် Manuel Pellegrini ဟာ ၀ုဖ်ဘာ့ခ် အသင်းရဲ့ ကစားသမား Kevin De Bruyne ကို စတာလင်ပေါင်သန်း၂၀ နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေချိန်မှာ  ရီးရဲ မက်ဒရစ် အသင်းရဲ့ ဘယ်-နောက်တန်း ကစားသမား Fabio Coentrao ကို မန်ယူ ၊ အာစင်နယ်နဲ့ လီဗာပူး အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
 

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment