လီဗာပူး အသင်းဟာ ချဲလ်ဆီးအသင်းရဲ့ ဂိုးသမား ပီတာချက် ကိုခေါ်ယူ ဖို့အတွက် ချဉ်းကပ်နေတယ်လို့ ပီတာချက်ရဲ့ မန်နေဂျာ က ဆိုပါတယ်။
ချဲလ်ဆီး အသင်းရဲ့ သူဋ္ဌေး မိုရင်ဟိုကလည်း သူ့ရဲ့ အရင် ဂိုးသမားဟောင်း ပီတာချက်ကို စာချုပ်ထပ် မချုပ်လိုတော့ဘူးလို့ဆိုထားပါတယ်။ ပီတာချက်ရဲ့ မန်နေဂျာဖြစ်တဲ့ Viktor Kolar ကတော့ အာစင်နယ် နဲ့ လီဗာပူးတို့ကို ချဲလ်ဆီးအသင်း မငြင်းနိုင်တဲ့ ကမ်းလှမ်းမှု မျိုး လုပ်ဖို့ ပြောထားတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင်
Kolar က ပီတာချက်ဟာ လာမယ့် နွေရာသီမှာ ချဲလ်ဆီးအသင်းက ထွက်ခွာမည်ဖြစ်ပြီး ရီးရဲ
မက်ဒရစ် အသင်းနဲ့တော့ ဆွေးနွေးမှုတွေလုပ်ထားတယ်လို့ လည်း အခိုင်အမာဆိုထားပါတယ်။
လီဗာပူး
အသင်းဟာလည်း ကစားကွက်မှာ ဂိုးသမားကောင်းတစ်ယောက်ဖြည့်ဖို့ အတွက်လိုအပ်နေပြီး
ပီတာချက်ဟာ လာမယ့် နွေရာသီမှာ အသင်းကို ရောက်လာဖို့လည်းလီဗာပူးအသင်းကမျှော်လင့်နေတယ်လို့ သိရပါတယ်။
0 comments :
Post a Comment