Powered by Blogger.

အာစင်နယ် အသင်းရဲ့ နောက်တန်းဟာ ကစားကွက် ယိုယွင်းနေတယ်လို့ ၀န်ခံလိုက်တဲ့ အာစင်ဝင်းဂါး


အာစင်ဝင်းဂါးက သူ့အာစင်နယ် အသင်းရဲ့ နောက်တန်းဟာ အချင်းချင်း ချိတ်ဆက်မှုမရှိကြပဲ ကစားကွက် ယိုယွင်းနေတယ်လို့ ၀န်ခံလိုက်ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေက အန်ဖီးကွင်းမှာ လီဗာပူးနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ အာစင်နယ်အသင်းရဲ့ နောက်တန်း ကစားကွက်ဟာ အချင်းချင်းချိတ်ဆက်မှု မရှိတာကို အာစင်နယ် အသင်းရဲ့ မန်နေဂျာဖြစ်တဲ့ အာစင်ဝင်းဂါး က ထောက်ပြခဲ့တာဖြစ်ပါတယ်။ 
နောက်တန်း ကစားသမားများအနေဖြင့် အချင်းချင်း စကားပြောဖို့ လိုအပ်ပြီး ရှေ့တက် နောက်ဆင်း ကစားကွက် ပုံဖော်ရာတွင် အချင်းချင်းချိတ်ဆက်နိုင်ဖို့ လိုအပ်တယ်လို့ အာစင်ဝင်းဂါးကဆိုပါတယ်။ အာစင်ဝင်းဂါးက သူ့အသင်း က ဂျာမန် ကစားသမား Mertesacker ကိုလည်း ဝေဖန်ခဲ့ပါသေးတယ်။
Mertesacker အနေနဲ့ ၁၉ နှစ် အရွယ်သာ ရှိသေးပြီး ပွဲပေါင်းများစွာလည်း ကစားခဲ့ဖူးတဲ့အတွက် တစ်ကိုယ်ကောင်းဆန်နေခြင်းမှာ မဖြစ်သင့်ကြောင်းနဲ့ ထိုအသက်အရွယ် လူငယ်တစ်ယောက်အတွက် ကစားပွဲတစ်ခုစီတိုင်းမှာ တာဝန်ယူစိတ် ရှိဖို့လိုအပ်တယ်လို့လည်း ဆိုပါတယ်။

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment