ပရီးမီးယား လိဂ် မှ ၀က်စ်ဟမ်း အသင်းရဲ့ နည်းပြဟောင်း ဖြစ်တဲ့ ဂျီယန်ဖရန်ကို ဇိုလာ ဟာ စီးရီးအေ အသင်းတစ်သင်းဖြစ်တဲ့ ကယ်ဂလီယာရီ အသင်းမှာ နည်းပြအဖြစ် ဆောင်ရွက်တော့မယ် လို့ သိရပါတယ်။
အရင်တုန်းက ချဲလ်ဆီး အသင်း ရဲ့ ရှေ့တန်းကစားသမား တစ်ယောက် အဖြစ် ကနေ ၂၀၀၃ ခုနှစ်မှာ ပြောင်းရွှေ့ခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ ကယ်ဂလီယာရီ အသင်းကို ပြောင်းရွှေ့ပြီး သူ့ရဲ့ ဘောလုံး ကစားသမား ကုန်ဆုံးစေခဲ့ ဇိုလာကို နည်းပြအဖြစ် ဆောင်ရွက်ပေးဖို့ သဘောတူညီမှု ရရှိထားပြီးဖြစ်ကြောင်း ကယ်ဂလီယာရီ ရဲ့ တရားဝင် ၀က်ဘ်ဆိုက်မှာ ရေးသားထားပါတယ်။
 |
ချဲလ်ဆီးအသင်းတွင် ကစားခဲ့စဉ်က |
ကယ်ဂလီယာရီရဲ့ မူလ နည်းပြ ဖြစ်တဲ့ Zdenek Zeman ဟာ ၈ ပွဲတိတိ နိုင်ပွဲမရခဲ့တဲ့ အတွက် အသင်းရဲ့ နည်းပြအဖြစ်က နှုတ်ထွက်စေခဲ့တာဖြစ်ပြီး အသက် ၄၈ နှစ်ရှိပြီဖြစ်တဲ့ ဇိုလာ ဟာ အခု ခရစ္စမတ် အားလပ်ရက်တွေ အပြီးမှာ ကယ်ဂလီယာရီ နည်းပြ ရာထူး ကို ထမ်းဆောင်မယ်လို့လည်း သိရပါတယ်။
ဇိုလာ ဟာ သူ့ရဲ့ ပထမဆုံး နည်းပြ ဘ၀ ကို ၂၀၀၈ ခုနှစ် အိုလံပစ် ပွဲတော်မှာ အီတလီ ယူ-၂၁ အသင်း နဲ့ အတူ စတင်ခဲ့တာဖြစ်ပါတယ်။
သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
0 comments :
Post a Comment