လီဗာပူး အသင်းကို ရောက်ကာစ မှာ အရမ်း ကြိုးစားပြီး ရုန်းကန်ခဲ့ရတယ်လို့ ၀န်ခံလိုက်တဲ့ အဒမ် လာလနာ
အဒမ် လာလနာ ဟာ သူ လီဗာပူး အသင်းကို ရောက်ကာစ မှာ အရမ်း ကြိုးစားပြီး ရုန်းကန်ခဲ့ရတယ်လို့ ၀န်ခံလိုက်ပါတယ်။ အင်္ဂလန် အလယ်တန်း ကစားသမား လာလနာ ဟာ အန်ဖီးလ် ကွင်းကို ရောက်ကာ စမှာပဲ ဖိစီးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး သူဟာ ကမ္ဘာ့ဖလားပွဲတွေမှာပါ ယှဉ်ပြိုင် ခွင့် ရခဲ့တဲ့အတွက် သူ့ကို လီဗာပူးအသင်းက ဘယ်လောက်ထိ မျှော်လင့်ထားတယ် ဆိုတာကို လည်း သိရှိခဲ့ရတယ်လို့ဆိုပါတယ်။
လီဗာပူး ကဲ့သို့ အသင်းကြီးတစ်သင်းကို ရောက်လာတဲ့ အခါမှာ အရာရာဟာ လွယ်ကူမှာ မဟုတ်ဘူးဆိုတာ သိရှိပြီး ဖြစ်တယ်လို့လည်း လာလနာ က ဆိုပါတယ်။ အခုအချိန်မှာတော့ သူဟာ လီဗာပူးရဲ့ ကစားကွက်နဲ့လည်း အံဝင်ခွင်ကျ ဖြစ်နေပြီဖြစ်ပြီး နောက်ဆုံးပွဲစဉ်မှာ အကောင်းဆုံး ကစားနိုင်ခဲ့ပြီ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
Credit: http://www.mirror.co.uk
0 comments :
Post a Comment