Powered by Blogger.

အာစင်ဝင်းဂါးအနေနဲ့ ပိုက်ဆံများများသုံးမှ ချန်ပီယံဆုကို မျှော်မှန်းနိုင်မယ်လို့ အိုဇေးလ်ပြောကြား



အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို မျှော်မှန်းနိုင်တဲ့အနေအထားမှာရှိနေသေးပေမယ့်လည်း အသင်းရဲ့ အားထားရတဲ့ ဂျာမန်ကွင်းလယ်ကစားသမား Ozil (အိုဇေးလ်)ကတော့ လက်ရှိအခြေအနေကို မကျေနပ်ဖြစ်နေလျက်ရှိပါတယ်။ လက်စတာအသင်းနဲ့ ၁၁ မှတ်အထိကွာဟနေပြီး ရာသီကုန်ဖို့အတွက် ရှစ်ပွဲသာကျန်တော့တဲ့အချိန်မှာ အာဆင်နယ်အသင်းသားတွေနဲ့ အစွမ်းကုန်တိုက်ပွဲဝင်သင့်နေပြီလို့လည်း ပြောကြားခဲ့ပါတယ်။

အိုဇေးလ်ကတော့ အသင်းအနေနဲ့ လာမယ့်အပြောင်းအရွှေ့ရာသီတွေမှာ ငွေကြေးသုံးပြီး အင်အားဖြည့်မယ်ဆိုရင်လည်း အကောင်းဆုံးရလဒ်တစ်ခုကိုရနိုင်မယ်လို့ အိုဇေးလ်က ပြောပါတယ်။

“ကျွန်တော်တို့ သိပါတယ်။ နောက်ရာသီမှာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ဦးဆောင်ချင်ရင် ကစားသမားကောင်းတွေကို အားဖြည့်မှရတော့မယ်ဆိုတာကိုပေါ့။ အသင်းကတော့ ဘယ်ကစားသမားအတွက် ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်သွားဖို့ရှိနေလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ နည်းပြကြီးကိုလည်း ကစားသမားတွေအတွက် ငွေကြေးတွေသုံးစွဲသွားမယ်ဆိုတာ ယုံကြည်ပါတယ်”

“ပရီးမီးယားလိဂ်ကို နောက်ထပ်နာမည်ကျော်နည်းပြတွေ ရောက်လာတော့မှာပါ။ ကျွန်တော်ကတော့ ဂွာဒီယိုလာကိုတော့ စိတ်ဝင်စားမိတယ်။ သူက အောင်မြင်မှုတွေအများကြီးရရှိထားတဲ့နည်းပြတစ်ယောက်ပါ။ သူကိုင်တွယ်တဲ့အသင်းတွေက ကြောက်စရာကောင်းပါတယ်။ သူမန်စီးတီးကိုကိုင်တွယ်မယ်ဆိုတာကတော့ အံ့သြမိတယ်” လို့ အိုဇေးလ်က ပြောကြားခဲ့တာဖြစ်ပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Dailymail


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment