Powered by Blogger.

ဂန်းနားလား??ကြိုးကြာနီလား?? မိုရာတာ


ဂျူဗင်တပ်အသင်းရဲ့ အရေးပါတဲ့တိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့ Morata (မိုရာတာ)ကတော့ လာမယ့်နွေရာသီမှာ အသင်းပြောင်းရွှေ့ကစားမယ်လို့ အတည်ပြုပြောကြားထားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ လူငယ်တိုက်စစ်မှူးဟောင်းဟာဆိုရင်တော့ စာချုပ်အရ ပြီးခဲ့တဲ့နှစ်နှစ်အတွင်းက ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို ပြန်လည်သွားရောက်ကစားခွင့်လည်း ရှိနေပါတယ်။

ဒါပေမယ့်လည်း မိုရာတာကို ကြီးမားတဲ့ ပြောင်းရွှေ့ကြေးတွေ ၊ လစာငွေတွေနဲ့အတူ အင်္ဂလန်ကလပ်နှစ်ခုဖြစ်တဲ့ လီဗာပူးလ်အသင်းနဲ့ အာဆင်နယ်အသင်းတို့ကလည်း ကြားဖြတ်ခေါ်ယူနိုင်ဖို့ ကြိုးပမ်းလျက်ရှိနေပါတယ်။

မိုရာတာဟာ ပြီးခဲ့တဲ့အပတ်အတွင်းကတော့ ဂျူဗင်တပ်အသင်းမှာပဲ ဆက်ရှိနေမယ်လို့ ပြောကြားခဲ့ပေမယ့်လည်း နောက်ဆုံးပြောကြားချက်မှာတော့ အသင်းပြောင်းဖို့ တံခါးဖွင့်ထားတယ်လို့ ပြောကြားခဲ့တာကြောင့် သူ့ကို အလိုရှိနေတဲ့ အသင်းတွေက လိုက်လံ ချဉ်းကပ်လာခဲ့တာဖြစ်ပါတယ်။

မိုရာတာဟာ ဂျူဗင်တပ်အသင်းကို ဘာနေဗျူးကနေ ပေါင် ၂၄ သန်းဝန်းကျင်နဲ့ ရောက်ရှိလာခဲ့တဲ့ကစားသမားဖြစ်ပြီး ဂျူဗင်တပ်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြသနေနိုင်တဲ့ ကစားသမားဖြစ်ပါတယ်။

မိုရာတာကိုတော့ အနည်းဆုံးပေါင်သန်း ၃၀ လောက်နဲ့ ကမ်းလှမ်းရဖွယ်ရှိနေပြီး မိုရာတာကတော့ “ကျွန်တော်နောက်ရာသီ ဒီကထွက်ဖြစ်မလား မသိပါဘူး။ တူရင်မှာတော့ အဆင်ပြေနေပါတယ်။ ဒါပေမယ့် ပြောလို့မရပါဘူး။ ကျွန်တော် ပရီးမီးယားလိဂ်ရဲ့ ဘောလုံးဒဿနကို ကြိုက်နှစ်သက်ပြီး ကျွန်တော့်လို တိုက်စစ်မှူးအတွက်တော့ အလားအလာကောင်းတဲ့ နေရာပါ။ အီတလီမှာ နည်းစနစ်ပိုင်းကို ဦးစားပေးသလိုမျိုးတော့မဟုတ်ဘူးပေါ့။ ဒါပေမယ့် ကျွန်တော်ကြိုက်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : AFP
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment