Powered by Blogger.

ဗလင်စီယာအသင်းက မော်ရင်ဟိုကို နည်းပြအဖြစ်ခန့်အပ်ရန် မျှော်မှန်းလျက်ရှိနေ




ဗလင်စီယာအသင်းဟာ ရာသီကုန်အထိ နည်းပြအဖြစ် ခန့်အပ်ထားတဲ့ ဂယ်ရီနဗီးလ်ကို နည်းပြသက်တမ်းလေးလအကြာမှာ ထုတ်ပယ်ခဲ့ပြီးတဲ့နောက်မှာတော့ အသင်းလက်မဲ့ဖြစ်နေတဲ့ နည်းပြ Mourinho (မော်ရင်ဟို)ကို နည်းပြအဖြစ်ခန့်အပ်နိုင်ဖို့ စီစဉ်လျက်ရှိနေတယ်လို့ သိရပါတယ်။

မက်စ်တဲလားက လင်းနို့အုပ်စုတွေဟာ မော်ရင်ဟိုကို သူတို့ရဲ့ နည်းပြချုပ်ဖြစ်လာဖို့ ဆန္ဒရှိနေကြပြီး မော်ရင်ဟိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့ခ်ျမန်ဒက်စ်နဲ့ အသည်းအသန်ဆွေးနွေးလျက်ရှိနေတယ်လို့ သိရပါတယ်။ မော်ရင်ဟိုဟာ မန်ယူအသင်းကို လာမယ့်ရာသီမှာ ကိုင်တွယ်ဖို့အတွက် တစ်ပြေးနေတဲ့ နည်းပြဖြစ်ပြီး မန်ယူအသင်းရဲ့ လက်ရှိနည်းပြ ဗန်ဟားလ်နေရာမှာ အစားထိုးနိုင်မယ့်နည်းပြလို့ သတင်းတွေထွက်နေတာဖြစ်ပါတယ်။

ယူနိုက်တက်ဟာလည်း နည်းပြမော်ရင်ဟိုကို လာရောက်ကိုင်တွယ်စေဖို့အတွက် မော်ရင်ဟိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့ခ်ျမန်ဒက်စ်နဲ့ အစည်းအဝေးပေါင်းများစွာကို ခေါ်ယူတွေ့ဆုံလျက်ရှိနေပြီး မန်ယူအသင်းက မော်ရင်ဟိုကို စံချိန်တင်လစာအဖြစ် တစ်နှစ်ကို ပေါင်သန်း ၂၀ အထိ တိုးမြှင့်ပေးချေဖို့ အသင့်အနေအထားမှာရှိနေတယ်လို့ သိရပါတယ်။

ဂျော့ခ်ျမန်ဒက်စ်ဟာဆိုရင်တော့ ဗလင်စီယာအသင်းပိုင်ရှင်ဖြစ်သူ ပီတာလင်းမ်နဲ့လည်း အရင်းနှီးဆုံးဘောလုံးအကြံပေးတစ်ယောက်ဖြစ်ပြီး နည်းပြမော်ရင်ဟိုကို ခန့်အပ်နိုင်ဖို့ သဘောတူညီမှုအဆင့်ထိရောက်အောင် လုပ်ဆောင်ပေးထားဖွယ်ရှိတယ်လို့ သိရပါတယ်။

စင်ကာပူဘီလျံနာတစ်ယောက်ဖြစ်တဲ့ ပီတာလင်းမ်ဟာဆိုရင်တော့ မော်ရင်ဟိုရဲ့ စင်ကာပူခရီးစဉ်မှာ အနာဂတ်ဗလင်စီယာနည်းပြရာထူးအတွက် တိတ်တဆိတ်ဆွေးနွေးခဲ့တယ်လို့လည်း သံသယရှိနေကြပြီး ဒီဘီလျံနာဟာ မော်ရင်ဟိုကို တစ်နှစ်လစာပေါင် ၁၅ သန်းနဲ့ အပြောင်းအရွှေ့စရိတ် ပေါင်သန်း ၁၀၀ အထိ ထုတ်ပေးဖို့ အသင့်ရှိနေတယ်လို့ သိရပါတယ်။

လင်းမ်ဟာဆိုရင်တော့ ထုတ်ပယ်လိုက်တဲ့ နည်းပြဂယ်ရီနဗီးလ်နဲ့ ရင်းနှီးတဲ့ စီးပွားရေးဖက်တစ်ဦးဖြစ်ပြီး လာလီဂါပွဲစဉ် ၁၆ ပွဲကို ကိုင်တွယ်ခဲ့အပြီးမှာပဲ နည်းပြရာထူးကနေ ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။ ဒီသတင်းကတော့ ကျယ်ကျယ်ပြန့်ပြန့် မပေါက်ကြားခဲ့ပဲနဲ့ တိတ်တဆိတ်ထုတ်ပယ်ခဲ့တဲ့ အခြေအနေမှာရှိနေတယ်လို့လည်း သိရပါတယ်။

နဗီးလ်ကတော့ “ကျွန်တော်အခြေအနေတွေကို နားလည်ပါတယ်။ စီးပွားရေးအရကြည့်မယ်ဆိုရင်တော့ ထိခိုက်မှုများခဲ့တာပေါ့။ ဒီအသင်းက ၂၈ ပွဲကစားပြီးချိန်မှာ ကျွန်တော့်ကို ပြောတယ်။ ကျွန်တော်က ဒီလိုအသင်းမျိုးကို ကိုင်တွယ်လောက်အောင် အဆင့်မမြင့်သေးဘူးပေါ့” လို့ ပြောကြားခဲ့ပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : The Sun

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment