Powered by Blogger.

မန်စီးတီး၊ ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာတို့က အာဆင်နယ်နောက်ခံလူ ဘယ်လာရင်ကို ခေါ်ယူလိုနေ



အာဆင်နယ်အသင်းရဲ့ ညာနောက်ခံလူ Bellerin (ဘယ်လာရင်)ဟာဆိုရင်တော့ နောက်ခံလူတစ်ယောက်အဖြစ်လည်း အကောင်းဆုံးကစားနိုင်တဲ့အပြင် ဂိုးဖန်တီးမှုအကြိမ်ရေ အတော်များများကို ပြုလုပ်ထားနိုင်တဲ့အတွက်ကြောင့် ဥရောပအသင်းကြီးတွေဖြစ်တဲ့ မန်စီးတီး၊ ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာအသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

စပိန်လက်ရွေးစင်ဟာဆိုရင်တော့ ဘာစီလိုနာအသင်းရဲ့ နာမည်ကျော် လာမာစီယာအကယ်ဒမီထွက်ကစားသမားတစ်ယောက်ဖြစ်ပြီး အာဆင်နယ်အသင်းရဲ့ နောက်ထပ်ညာနောက်ခံလူတစ်ယောက်ဖြစ်တဲ့ ဒီဘူချီဒဏ်ရာ ရသွားတဲ့အချိန်မှာ ပုံမှန်ပွဲထွက်ခွင့်ရရှိလာခဲ့ပြီး နည်းပြအာစင်ဝင်းဂါးရဲ့ လက်စွဲကစားသမားတစ်ယောက်ဖြစ်လာခဲ့တာပါ။

အသက် ၂၁ နှစ်အရွယ် ကစားသမားကိုတော့ လက်ရှိဘိုင်ယန်မြူးနစ်နည်းပြဖြစ်တဲ့ ဂွာဒီယိုလာကတော့ အတော်လေးသဘောကျနေပြီး ဂွာဒီယိုလာအနေနဲ့ မန်စီးတီးအသင်းကို ကိုင်တွယ်သွားချိန်မှာ အဓိက ခေါ်ယူချင်တဲ့ကစားသမားတစ်ယောက်ဖြစ်လာတယ်လို့လည်း ဖော်ပြထားပါတယ်။

ဘာစီလိုနာအသင်းကတော့ သူတို့ရဲ့နောက်ခံကစားသမား ဒန်နီအဲလ်ဗတ်စ်အနေနဲ့ အသင်းပြောင်းရွှေ့ဖွယ်ရှိနေတာကြောင့် ဘယ်လာရင်ကို အစားထိုးခေါ်ယူချင်နေခဲ့တာပါ။ တစ်ခြားဘာစီလိုနာအသင်းသားတွေဖြစ်တဲ့ ဂျရတ်ပီကေးနဲ့ အင်နီယေစတာတို့ကလည်း ဘယ်လာရင်ကို ချီးကျူးထားခဲ့ကြပြီး အမ်းမရိတ်စ်ကွင်းကနေ ထွက်ခွာခဲ့ဖို့ တိုက်တွန်းထားကြပါတယ်။

ဘယ်လာရင်ဟာ ဂန်းနားတွေနဲ့ စာချုပ်သက်တမ်း ၂၀၁၉ ခုနှစ်အထိရှိနေသေးပြီး အာဆင်နယ်အသင်းကလည်း သူ့ကို ရောင်းချဖို့ အစီအစဉ်မရှိသေးဘူးလို့လည်း သိရပါတယ်။



( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : The Sun
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment