Powered by Blogger.

အဲဗာတန် အသင်းဟာ Aaron Lennon အား အငှား စာချုပ်နဲ့ခေါ်ယူလိုက်ပြီး ဖြစ်တယ် လို့ အတည်ပြု


အဲဗာတန် အသင်းဟာ တော့တင်ဟမ် အသင်းရဲ့ တောင်ပံ ကစားသမား Aaron Lennon အား အငှား စာချုပ်နဲ့ခေါ်ယူလိုက်ပြီး ဖြစ်တယ်လို့ အတည်ပြုပြောကြားလိုက်ပါတယ်။ Aaron Lennon ဟာ Roberto Martinez ကိုင်တွယ်တဲ့ အသင်းရဲ့ ပထမ ပွဲထွက် လူစာရင်းထဲမှာ ကျန်တဲ့ ရာသီ တစ်ဝက် ကို ဖြတ် သန်းတော့ မှာပါ။
Roberto Martinez ရဲ့ ပြောကြားချက် အရတော့ Lennon ဟာ သူ့ရဲ့ အင်္ဂလန်အသင်းနဲ့ အတူ ကမ္ဘာ့ဖလား ၂ ကြိမ်တိုင် ယှဉ်ပြိုင်ခဲ့တဲ့ အတွေ့အကြုံ နဲ့ ပရီးမီးယားလိဂ် အတွေ့အကြုံ တို့က အဲဗာတန် အသင်းအတွက် ရလဒ်ကောင်းတွေ ဖြစ်ပေါ်စေနိုင် မယ်လို့ ယုံကြည်ထားတယ်လို့ ဆိုပါတယ်။
အသက် ၂၇ နှစ်သာ ရှိသေးတဲ့ လိဒ် ယူနိုက်တက် အသင်းရဲ့ ငယ်မွေးခြံပေါက် ဟောင်း Lennon ဟာ အဲဗာတန် တိုက်စစ် အတွက် အဓိက ကျတဲ့နေရာမှာ ရှိနေတယ်လို့ Roberto Martinez ကဆိုထားပါတယ်။ အဲဗာတန် ဟာလက်ရှိမှာ အမှတ်ပေးဇယား ရဲ့  နံပါတ် ၁၂ နေရာမှာ ရပ်တည်နေပါတယ်။


Credit : http://www.mirror.co.uk
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment