Steven Gerrad ဟာ လီဗာပူး အသင်းမှာ သူ့ ရဲ့ ပွဲ ၇၀၀ မြောက် ကစားပွဲကို ဘော်လ်တန် နဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း Brendan Rodgers ရဲ့ ပြောကြားချက် အရတော့ လီဗာပူး အသင်းဟာ Gerrad ရဲ့ ကြီးမားလှတဲ့ အရိပ်အာဝါသ အောက်က ခွဲထွက်တော့မယ်လို့ ဆိုပါတယ်။
လီဗာပူး အသင်းမှာ Gerrad ရဲ့ ခေတ်ကုန်ဆုံးတဲ့ အခါမှာ Rodgers ဟာ Raheem Sterling , Jordan Henderson , Daniel Sturridge နဲ့ Philippe Coutinho တို့ကို အနာဂတ်လီဗာပူး အသင်းရဲ့ အလယ်တန်း ကစားသမားတွေ အဖြစ် မျှော်မှန်းနေပါတယ်။
မကြာသေးမီကမှ ဒဏ်ရာ က သက်သာလာတဲ့ Gerrard ဟာ FA ဖလားရဲ့ ကစားပွဲ ဖြစ်တဲ့ ဘော်လ်တန် နဲ့ ယှဉ်ပြိုင်ရမယ့် ပွဲမှာ ပထမ အသင်းရဲ့ လူစာရင်းထဲ ပါဝင်ခွင့် ရခဲ့ပေမယ့် ဒါဟာ သူ့ရဲ့ နှုတ်ဆက်ကစား ပွဲလည်း ဖြစ်နိုင်ပါတယ်။
Gerrard ရဲ့ နေရာပျောက်သွားရတဲ့ အကြောင်း အရင်းနောက်တစ်ခု ကတော့ ဘရာဇီး အလယ်တန်း ကစားသမား တစ်ယောက်ဖြစ်တဲ့ Coutinho ကို လီဗာပူးအသင်းက ၂၀၂၀ ခုနှစ်အထိ စာချုပ် ချုပ်ပြီး ခေါ်ဆို လိုက်တာကြောင့်လည်း ဖြစ်ပါတယ်။
Credit : http://www.mirror.co.uk
0 comments :
Post a Comment