ဘာစီလိုနာ အသင်းဟာ သူတို့ရဲ့ အမှတ်အသား တစ်ခုဖြစ်တဲ့ အသင်းပိုင် နျူးကမ့်ကွင်းကြီး ကိုပါ လေကြောင်း လိုင်းတစ်ခုရဲ့ နာမည် ပြောင်းပေးတော့မှာပါ။
၂၀၁၆ မှာ ဖြစ်လာမယ့် အသင်းရဲ့ အနာဂတ် ကိုမျှော်ကိုးပြီး အသင်းရဲ့ ဆပွန်ဆာဖြစ်တဲ့ Qatar Airway ရဲ့ အမည်ကိုပါ အသင်းပိုင် နျူးကမ့်ကွင်း ရဲ့ အမည်မှာ ပေါင်းထည့်ဖို့ ဘာစီလိုနာ အသင်းနဲ့ ကာတာအဲဝေးတို့ဟာ သဘောတူညီမှု ရခဲ့ကြပါတယ်။
“ဘာစီလိုနာ အသင်းနဲ့ ကာတာအဲဝေးတို့ဟာ တန်ဖိုးကြီးမြတ်မှုခြင်းတူညီကြပါတယ်။ ဒါကြောင့် အသင်းပိုင် ကွင်းရဲ့ အမည်မှာ ကျွန်ုပ်တို့ နာမည်ကို ပေါင်းထည့်ခွင့် ရခဲ့တာပါလို့”ကာတာအဲဝေးရဲ့ CEO ဖြစ်တဲ့ Akbar Albaker ကဆိုပါတယ်။
ဒီနှစ်အတွင်းမှာပဲ ဘာစီလိုနာ အသင်းပိုင် ကွင်းရဲ့အမည်ဟာ နျူးကမ့် ကာတာအဲဝေး အဖြစ် တရားဝင်ပြောင်း လဲတော့မှာပါ။
တစ်ဖက်မှာလည်း ဘာစီလိုနာ နဲ့ လာလီဂါ ပြိုင်ဘက် အသင်းဖြစ်တဲ့ ရီးရဲမက်ဒရစ်ဟာ သူတို့ရဲ့ အမှတ်အသား တစ်ခု ကိုပြောင်းလဲဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
Credit : http://www.mirror.co.uk/sport/football/news
0 comments :
Post a Comment