Powered by Blogger.

Dunne ရဲ့ သုံးလ နားရမယ့် သတင်းကြောင့် QPR အသင်း မျှော်လင့်ချက် မဲ့ခဲ့ရ


QPR အသင်းရဲ့ ပရီးမီးယားလိဂ်မှာ ဆက်လက် ရပ်တည် ခွင့်တွေဟာ နောက်ခံလူ Richard Dunne ရဲ့ သုံးလ နားရမယ့် သတင်းကြောင့် မျှော်လင့်ချက် မဲ့ခဲ့ရပါတယ်။ နောက်တန်း ကစားသမား တစ်ယောက်ဖြစ် တဲ့ Richard Dunne ဟာ ပြီးခဲ့တဲ့ စနေနေ့က ဆောက်သမ်ပတန် အသင်းကို အိမ်ကွင်းမှာ တစ်ဂိုးဂိုး မရှိနဲ့ နိုင်ခဲ့တဲ့ ပွဲစဉ် အတွင်း ဒူးခေါင်း ဒဏ်ရာ ရရှိခဲ့ တာဖြစ်ပါတယ်။
 အသက် ၃၅ နှစ်အရွယ် Dunne ဟာ ထို ဒဏ်ရာ အတွက် ၃ လတိတိ အနားယူရမှာ ဖြစ်ပါတယ်။ အသင်းရဲ့ ကစားဖော် တစ်ယောက်ဖြစ်တဲ့ Joey Barton က “Dunne ဟာ ဒီနှစ်ဘောလုံးရာသီ အတွက် အကောင်း ဆုံး ကစားသမားပါ။ ဒါဟာ ကျွန်တော်တို့ အတွက် ကြီးမားတဲ့ ဆုံးရှုံးမှု တစ်ခုဖြစ်ခဲ့ရပါတယ်။” လို့ဆိုပါတယ်။


Credit : http://www.mirror.co.uk/sport/football/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment