Powered by Blogger.

Jordan Henderson နဲ့ Raheem Sterling တို့ကို စာချုပ်အသစ် ထပ်မံချုပ်ဆိုနိုင်မယ်လို့ လီဗာပူး ယုံကြည်နေ


လီဗာပူး သင်းရဲ့ သူဋ္ဌေးဖြစ်တဲ့ Brendan Rodgers ဟာ အသင်းရဲ့ အင်္ဂလန်နိုင်ငံသား ကစားသမား ၂ ယောက်ဖြစ်တဲ့ Jordan Henderson နဲ့ Raheem Sterling တို့ကို စာချုပ်အသစ် ထပ်မံချုပ်ဆိုနိုင်မယ်လို့ ယုံကြည်နေပါတယ်။ 
လီဗာပူး အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်တဲ့ Steven Gerrard ကလည်း လီဗာပူးဟာ ထိုကစားသမား ၂ ယောက်ကို အသင်းမှာ နှစ်ရှည် ဆက်လက်ရှိနေဖို့ ကြိုးစားနေတယ်လို့ ပြီးခဲ့တဲ့ အပတ်ကပဲ အခိုင် အမာ ပြောဆို ထားပါတယ်။ ဒါ့အပြင် ထိုကစားသမား ၂ ယောက်ဟာ အသင်းအတွက် အရေးကြီးတဲ့ ကစားသမားတွေဖြစ်တယ် လို့လည်း Gerrard က ဆိုထားပါတယ်။
သို့သော်လည်း လူငယ် တစ်ယောက်ဖြစ်ပြီး လက်ရှိမှာ ခြေစွမ်းပြလာနိုင်တဲ့ Raheem Sterling ဟာ အသင်းကို တောင်းဆိုထားတဲ့ နှုန်းထားတွေဟာ မြင့်မားနေပါတယ်။ “Raheem ဟာ အန်ဖီးလ် ကွင်း မှာပျော်နေတာကို ကျွန်တော်သိပါတယ်။
 သူဟာ လူငယ်တစ်ယောက်ဖြစ်တဲ့အတွက် လစာ အများကြီးမရနိုင်ပေမယ့်လည်း သူ့မှာ အခွင့်အရေးတွေ အများကြီး ရှိနေပါတယ်။ သူဟာ အလားအလာရှိတဲ့ ကစားသမား တစ်ယောက်ပါ။ မကြာခင်မှာ သူ့ရဲ့ တာဝန်ရှိသူတွေနဲ့ အသင်းဟာ ဒါကို ပြေလည်အောင် ညှိနှိုင်းနိုင်မှာပါ” လို့ Brendan Rodgers ကဆိုပါတယ်။


Credit : http://www.mirror.co.uk/sport/football/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment