Powered by Blogger.

တော့တင်ဟမ်ဟော့စပါး အသင်းကနေ ထွက်ခွာလိုတဲ့ ဆန္ဒမရှိတဲ့ Emmanuel Adebayor


တော့တင်ဟမ်ဟော့စပါး အသင်းရဲ့ တိုက်စစ်မှုး Emmanuel Adebayor ဟာ အသင်းကနေ ထွက်ခွာလိုတဲ့ ဆန္ဒမရှိဘူးလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ လက်ရှိမှာ တစ်ပတ်ကို စတာလင်ပေါင် ၁၀၅၀၀ ရရှိနေတဲ့ Adebayor နဲ့ စပါးအသင်းရဲ့ သဘောတူညီမှု စာချုပ် သက်တမ်းဟာ ၂၀၁၆ မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။ အကယ်၍ သူဟာ အခြားအသင်းသို့ ပြောင်းရွှေ့  ရမယ် ဆိုရင်လည်း လစာ ဖြတ်တောက်ခြင်းကို ခံယူမှာ မဟုတ်ဘူး လို့ ဆိုပါတယ်။
ထို အချက်ဟာ စပါးအသင်း အတွက် ငွေကြေးပိုင်း ဆိုင်ရာ အခက် အခဲတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ၀ှိုက်ဟတ်လိန်းကွင်းမှာ ၁၆ လ တိတိ သက်တမ်း ကျန်ရှိနေသေးတဲ့ Adebayor ကို အသင်းက လာမယ့် အပြောင်း အရွှေ့ ရာသီမှာ ငွေကြေး ပြသနာတွေ အတွက် ရောင်းထုတ်ချင်နေပါတယ်။
ဇန်န၀ါရီ အပြောင်းအရွှေ့ ကာလမှာ တုန်းကလည်း Adebayor ကို ၀က်စ်ဟမ်း အသင်းသို့ အငှားချထားရန် စီစဉ်ခဲ့ပေမယ့်လည်း စပါးအသင်းရဲ့ သူဋ္ဌေးဖြစ်တဲ့ Daniel Levy က ပြန်လည် ပယ်ဖျက်ခဲ့ပါတယ်။ လက်ရှိမှာ QPR အသင်း နဲ့ စတုတ်စီးတီး အသင်းတို့က Adebayor ကိုခေါ်ယူဖို့ စိတ်ဝင် စားနေပေမယ့် လည်း Adebayor ကတော့ စပါး အသင်းမှာပဲ ဆက်လက် ရှိချင်နေတယ်လို့ သိရပါတယ်။ 


Credit : http://www.mirror.co.uk/sport/football/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment