Powered by Blogger.

တိုက်စစ်မှုးနေရာမှာ ကစားတာ သာ အကောင်းဆုံးဖြစ်လိမ့်မယ်လို့ Roy Hodgson အခိုင်အမာဆို


အင်္ဂလန် အသင်းရဲ့ နည်းပြ ဖြစ်တဲ့ Roy Hodgson က Wayne Rooney ဟာ တိုက်စစ်မှုးနေရာမှာ ကစားတာ သာ အကောင်းဆုံးဖြစ်လိမ့်မယ်လို့ အခိုင်အမာ ဆိုလိုက်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်တဲ့ Louis Van Gall က Wayne Rooney ကို တိုက်စစ်မှုးနေရာကနေ အလယ်တန်း ကစားသမားအဖြစ်ပြောင်းလဲ ကစားစေခဲ့တဲ့ အတွက် Rooney ရဲ့ အိုးထရက်ဖို့ဒ် မှာကစားဖို့ အနာဂတ်နဲ့ ပတ်သက်ပြီး Roy Hodgson က အခုလို ပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။ 
“Rooney ဟာ ကျွန်တော်တို့ အင်္ဂလန်အသင်းရဲ့ အကောင်းဆုံး ဂိုးသွင်းသမားပါ။ သူဟာ လောလော ဆယ်မှာ ပွဲအနည်းငယ် အတွက် ဂိုးမသွင်းနိုင်ပဲဖြစ်နေခဲ့ တာပါ။ သူဟာကျွန်တော်တို့ အသင်းအတွက် ဂိုးတွေပြန်လည် သွင်းပေးနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်” လို့ Roy Hodgson ကဆိုပါတယ်။
 မန်ချက်စတာယူနိုက်တက် အသင်းရဲ့ နည်းပြ Van Gall က Rooney ကို အလယ်တန်းမှာ ကစား ခိုင်းပေ မယ့် လည်း အင်္ဂလန် လက်ရွေးစင်အသင်းမှာတော့ Rooney ကို တိုက်စစ်မှုး တစ်ယောက် အဖြစ်သာ ကစားစေ မယ်လို့ Roy Hodgson က ဆိုပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပရိတ်သတ်တွေ ကလည်း အသင်းရဲ့ ကြယ်ပွင့်တစ်ယောက်ကို တိုက်စစ်နေရာမှာ မဟုတ်ပဲ အလယ်တန်း ကို ပြောင်းလဲ ကစားစေ ခဲ့တဲ့အတွက် အံ့သြနေကြပါတယ်။


Credit :  http://www.mirror.co.uk/sport/football/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment