Powered by Blogger.

ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှုး Diego Costa ၃ ပွဲ ပိတ်ခံရ


ချဲလ်ဆီးအသင်းရဲ့  တိုက်စစ်မှုး Diego Costa ဟာ လီဗာပူးအသင်းရဲ့ Emre Can ကို အကြမ်းဖက် တိုက်ခိုက်မှု အတွက် FA ရဲ့ အရေးယူခြင်းကို ခံရမယ်လို့ သိရပါတယ်။
စပိန်နိုင်ငံသားတိုက်စစ်မှုး ဟာ ကစားပွဲ ၃ ပွဲ ၀င်ရောင် ယှဉ်ပြိုင်ခြင်းမှ ပိတ်ပင် ခံလိုက်ရပြီး အခုလာမယ့် စနေနေ့ စတန်းဖို့ဒ်  ဘရစ်ခ်ျ မှာ ယှဉ်ပြိုင်မယ့် ချဲလ်ဆီး နဲ့  မန်စီးတီး အသင်းရဲ့   ကစားပွဲကိုလည်း  
Diego Costa ဟာ လွဲချော်မှာ ဖြစ်ပါတယ်။
ချဲလ်ဆီးဟာ လီဗာပူးကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ League Cup ရဲ့ ဆီမီးဖိုင်နယ်ပွဲမှာ စလိုဗေးကီးယား အလယ်တန်းကစားသမား Can နဲ့ ခိုက်ရန်ဖြစ်ပွားခဲ့တာ ဖြစ်ပြီး Can ကတော့ ထိုဖြစ်ရပ်အတွက် ဘာပြစ်ဒဏ်မှ ကျခံရမှာ မဟုတ်ဘူးလို့သိရပါတယ်။ 
ချဲလ်ဆီး အသင်းရဲ့ မန်နေဂျာ Jose Mourinho ဟာ သောကြာင်္နေ့က အသင်းရဲ့ သတင်းစာ ရှင်းလင်းပွဲ ကိုလည်း ပယ်ဖျက်ခဲ့တယ် လို့ သိရပါတယ်။ Mourinho ဟာလည်း ထို ဆီမီး ဖိုင်နယ်ပွဲစဉ်မှာ ဒိုင်လူကြီးတွေ ကို စွပ်စွဲ အပြစ်တင်ခဲ့တဲ့ အတွက် လည်း FA ကို ဒဏ်ငွေ စတာလင်ပေါင် ၂၅၀၀၀ ပေးဆောင်ခဲ့ရတယ်လို့ သိရပါတယ်။


Credit : http://www.mirror.co.uk/sport/football/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment