Powered by Blogger.

David De Gea ကို ပရီးမီးယားလိဂ်မှာ အပတ်စဉ် ၀င်ငွေ အများဆုံးရတဲ့ ဂိုးသမား ဖြစ်စေခဲ့တဲ့ မန်ယူ


မန်ချက်စတာ ယူနိုက်တက် အသင်းဟာ သူတို့ အသင်းရဲ့  ဂိုးသမား David De Gea ကို အိုးထရက်ဖို့ဒ် ကွင်းမှာ ဆက်လက် ရှိနေစေခဲ့တဲ့ အပြင် ပရီးမီးယားလိဂ်မှာ အပတ်စဉ် ၀င်ငွေ အများဆုံးရတဲ့ ဂိုးသမား  ဖြစ်စေခဲ့ပါတယ်။
စပိန် လာလီဂါ ရဲ့ ထိပ်တန်း အသင်းဖြစ်တဲ့ ရီးရဲမက်ဒရစ်ဟာ အသက် ၂၄ နှစ်အရွယ် David De Gea ကို လိုချင်နေတဲ့အတွက် မန်ယူက တစ်ပတ်ကို စတာလင်ပေါင် ၁၄၀၀၀၀ နဲ့ ပြန်လည် ကမ်းလှမ်းခဲ့ပါတယ်။ David De Gea ဟာ ၂၀၁၁ မှာ အက်သလက်တီကို မက်ဒရစ် အသင်းကနေ မန်ယူ ကို ပြောင်းလာ တုန်းက ပြောင်းရွှေ့  ကြေး စတာလင်ပေါင် ၁၇.၈ သန်းသာ ရရှိခဲ့ပေမယ့် အခု မန်ယူနဲ့ ထပ်မံ စာချုပ်ချုပ် ဆိုတဲ့ အခါမှာ စတာလင်ပေါင် ၄၅ သန်း ရရှိသွားပါပြီ။
David De Gea ဟာ ထိုမန်ယူရဲ့ ထပ်မံ ကမ်းလှမ်းမှု ကို သဘောတူခဲ့သလိုပဲ မန်ယူဟာ David De Gea အတွက် အရံ ဂိုးသမား အဖြစ် ဘာစီလိုနာ ဂိုးသမား အသက် ၃၃ နှစ် အရွယ် Victor Valdes ကိုလည်း ခေါ်ယူ စာချုပ်ချုပ်ဆို ခဲ့တယ်လို့ သိရပါတယ်။


Credit :  http://www.mirror.co.uk/sport
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment