Powered by Blogger.

အေစီမီလန် အသင်းရဲ့ အပြောင်းအရွှေ့အစီအစဉ် တွေအကြောင်းကိုထုတ်ဖော် ပြောကြားလိုက်တဲ့ အသင်းရဲ့ CEO


အေစီမီလန် အသင်းရဲ့ အမှုဆောင် အရာရှိချုပ် Adriano Galliani ဟာ ရေဒီယို အစီအစဉ်တစ်ခုမှာ အသင်းရဲ့ အပြောင်းအရွှေ့ အစီအစဉ် တွေအကြောင်းကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ထို ထုတ်ပြောလိုက်တဲ့ အတွင်းရေးတွေထဲမှာ အာစင်နယ် နဲ့ တော့တင်ဟမ် အသင်းတို့ ပစ်မှတ်ထားနေတဲ့ Mattia Destro အကြောင်းတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် အေစီမီလန် အသင်း ဟာ မကြာခင်မှာ ဆောက်သမ်ပတန် အသင်း ရဲ့ ကစားသမား Dani Osvaldo နဲ့ ရိုးမား တိုက်စစ်မှုး Destro တို့ကို အပြောင်းအရွှေ့ကာလ မပြီးဆုံးခင်မှာ အငှားစာချုပ်နဲ့ ခေါ်ယူမယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဆမ်ဒိုရီးယား တိုက်စစ်မှုး Stefano Chuka ကိုလည်းခေါ်ယူမယ်လို့ ပြောကြားခဲ့တဲ့ အပြင် လက်ရှိ အသင်းရဲ့ မန်နေဂျာ ဖြစ်တဲ့ Filippo Inzaghi ကို ဖြုတ်ချမယ့် အကြောင်းတွေလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
 Filippo Inzaghi ဟာ ကိုပါအီတာလျံ ဖလားရဲ့ ကွာတားဖိုင်နယ်မှာ လာဇီယို အသင်းကို အေစီမီလန် အသင်းရဲ့ ရှုံးနိမ့်ခဲ့မှုကြောင့် လည်း ဝေဖန်ခံနေရတယ်လို့ သိရပါတယ်။


Credit : http://www.mirror.co.uk/sport/football/transfer-news
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment