Powered by Blogger.

တန်းဆင်းဇုန်ထဲကရုန်းထွက်ဖို့ နည်းပြပယ်လီဂရီနို ကိုထုတ်ပယ်လိုက်တဲ့ ဆောက်သမ်တန်


ပရီးမီးယာလိဂ်ထိပ်သီးကလပ်အသင်းတစ်အသင်းဖြစ်တဲ့ ဆောက်သမ်တန်အသင်းဟာ ပရီးမီးယာလိဂ်အမှတ်ပေးဇယားရဲ့ တန်းဆင်းဇုန်ထဲကနေရုန်းထွက်ဖို့် နည်းပြပယ်လီဂရီနိုကိုရာထူးကနေထုတ်ပယ်လိုက်တယ်လို့သိရပါတယ်။

နည်းပြပယ်လီဂရီနို ဟာအသင်းကိုရလဒ်ကောင်းမစွမ်းဆောင်နိုင်ခဲ့ပြီး ပြီးခဲ့တဲ့တစ်ပတ်ကနယူးကာဆယ်ကို ၃-၀ နဲ့ရှုံးခဲ့တဲ့အပြင်ပရီးမီးယားလိဂ်နောက်ဆုံး ၁၇ ပွဲမှာလည်းတစ်ပွဲသာနိုင်ခဲ့လို့တန်းဆင်းဇုန်ထဲကျရောက်နေပြီဖြစ်ပါတယ်။

ဆောက်သမ်တန်အသင်းဟာ အဆင့် ၁၈ မှာရှိနေတဲ့ခရစ္စတယ်ပဲလေ့စ်နဲ့တစ်မှတ်သာကွာဟာတော့တာကြောင့်တန်းဆင်းရဖို့အရမ်းနီးစပ်လာလို့ နည်းပြပယ်လီဂရီနိုကို အခုလိုထုတ်ပယ်လိုက်တာဖြစ်တယ်လို့လည်းသိရပါတယ်။


Mocha

#sport.thithtoolwin.com

Ref: bbc
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment