Powered by Blogger.

ခြေစမ်းပွဲမှာ ဖလိဝုဒ်တောင်းကို ငါးဂိုးပြတ်နဲ့အနိုင်ရခဲ့တဲ့ လီဗာပူးလ်



မနေ့က ကစားခဲ့တဲ့ လီဗာပူးလ်အသင်းရဲ့ ရာသီကြို ခြေစမ်းပွဲစဉ်မှာတော့ ဖလိဝုဒ်တောင်းအသင်းကို ငါးဂိုးပြတ်နဲ့အနိုင်ရခဲ့ပြီး တာထွက်လှခဲ့ပါတယ်။

ဒီပွဲမှာတော့ လီဗာပူးလ်နည်းပြ ကလော့ပ်ဟာ ကစားသမားသစ်တွေနဲ့ အရင်ရာသီမှာ တစ်ခြားအသင်းကို အငှားသွားရောက်ကစားနေရတဲ့ ကစားသမားတွေနဲ့ လူငယ်ကစားသမားတွေကို ပွဲထွက်အသုံးပြုခဲ့ပြီး အဓိက ကစားသမားအနေနဲ့ တိုက်စစ်မှူး ဖာမီနိုတစ်ယောက်သာ အရန်စာရင်းမှာပါဝင်လာခဲ့တာဖြစ်ပါတယ်။


ဒီပွဲမှာတော့ လီဗာပူးလ်အသင်းက ၄-၂-၃-၁ ပုံစံနဲ့ပွဲထွက်ခဲ့ပြီး ပြီးခဲ့တဲ့ ရာသီက ဒဏ်ရာကြောင့် တစ်ရာသီလုံးအနားယူနေရတဲ့ တိုက်စစ်မှူး ဒန်နီအင့်စ်ကို အထောင်ထားခဲ့ပါတယ်။ မာနေ ၊ အလက်ဇန္ဒား အာနိုးလ် ၊ မာကိုဗစ် ၊ ဂရူဂျစ် ၊ စတီးဝပ် ၊ မော်ရီနို ၊ လိုဗရန် ၊ မာတစ်ပ် ၊ ဖလာနာဂန်နဲ့ ဂိုးသမားနေရာမှာ ကာရီးယက်စ်တို့ကို အသုံးပြုခဲ့တာဖြစ်ပါတယ်။


မာကိုဗစ် ၊ ဘော့ဒန် ၊ လူးကပ်စ် ၊ ဖာမီနို စတဲ့ကစားသမားတွေကတော့ အရန်စာရင်းမှာပါဝင်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းအတွက် လူအင်အားမတောင့်တင်ခဲ့ဘူးဆိုပေမယ့်လည်း အသင်းလိုက်ကစားပုံကောင်းခဲ့တာကြောင့် သိပ်ပြီးတော့ ကြောက်စရာမရှိခဲ့ပါဘူး။


ပွဲအစောပိုင်းမှာပဲ လီဗာပူးလ်အသင်းက ပင်နယ်တီရရှိခဲ့ပေမယ့်လည်း ဒန်နီအင့်စ် ဝင်အောင် မကန်နိုင်ခဲ့လို့ ဦးဆောင်ဂိုးမရရှိခဲ့ပါဘူး။

အဖွင့်ဂိုးကိုတော့ ကစားသမားသစ်တစ်ယောက်ဖြစ်တဲ့ ဆာဘီးယားလူငယ်ကစားသမား ဂရူဂျစ်က ပွဲချိန် ၁၈ မိနစ်မှာ မော်ရီနိုရဲ့ ပေးပို့မှုကနေ သွင်းယူပေးခဲ့ပြီး ပထမပိုငးမှာတော့ တစ်ဂိုးတည်းနဲ့သာ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ဒန်နီအင့်စ်အစား ဖာမီနိုဝင်ရောက်လာပြီး လီဗာပူးလ်ကစားပုံ ထိုးတက်သွားခဲ့တာကြောင့် ဝုဒ်ဘန်းနဲ့ လူးကပ်စ်ရဲ့ ဂိုးတွေအပြင် ဖာမီနိုက နှစ်ဂိုးသွင်းယူပေးခဲ့တာကြောင့် လီဗာပူးလ်အသင်းအနေနဲ့ ငါးဂိုးပြတ်နိုင်ပွဲကို ဖော်ကျူးနိုင်ခဲ့ပါတယ်။
Mocha

#sport.thithtoolwin.com

Ref:bbc
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment