စတုတ်စီးတီးနည်းပြဟောင်း မာ့ခ်ဟုခ်ျကို အစားထိုးဖို့စိတ်ဝင်စားနေတဲ့ ဆောက်သမ်တန်
ရလဒ်ပိုင်းတောက်လျှောက်ဆိုးဝါးနေတဲ့ ဆောက်သမ်တန်အသင်းဟာ နည်းပြပယ်လီဂရီနိုကိုထုတ်ပယ်လိုက်ပြီး သူရဲ့ နေရာမှာ အစာထိုးခန့်အပ်ဖို့ အတွက် စတုတ်စီးတီး နည်းပြဟောင်း မာ့ခ်ဟုခ်ျကို စိတ်ဝင်းစားနေပြီး ဆွေးနွေး နေတယ်လို့သိရပါတယ်။
ဆောက်သမ်တန် အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အောက်ဆုံး တန်းဆင်းဇုန်နှင့် တစ်မှတ်အကွာ အဆင့် ၁၇ နေရာမှာ ရပ်တည်နေပါတယ်။
ယခုရာသီ လက်ကျန် ၈ ပွဲသာ ကျန်တော့တဲ့ အချိန်မှာ ဆောက်သမ်တန် အသင်းဟာ နောက်ဆုံး ၁၇ ပွဲမှာ တစ်ပွဲသာ အနိုင်ရခဲ့တဲ့ အထိ ခြေစွမ်း ကျဆင်းနေတာ ဖြစ်ပြီး ယင်းအနေအထားကြောင့် တနင်္လာနေ့မှာ နည်းပြ ပယ်လီဂရီနိုကို ရာထူးကနေ ထုတ်ပယ်လိုက်တာလည်း ဖြစ်ပါတယ်။
Mocha
#sport.thithtoolwin.com
Ref:bbc
0 comments :
Post a Comment