ရုရှားနိုင်ငံမှာကျင်းပမယ့် ကမ္ဘာ့ဖလား ပြီးရင်လက်ရွေးစင်အသင်းကနေ အနားယူမယ့် ဗီဒဲလ်
ချီလီလက်ရွေးစင်ကွင်းလယ်လူ ဗီဒဲလ်က ၂၀၁၈ကမ္ဘာ့ဖလား ပြီးရင် လက်ရွေးစင်ဘ၀ကနေအနားယူတော့မယ်လို့အတည်ပြုလိုက်ပါတယ်။ချီလီဟာလက်ရှိခြေစစ်ပွဲတွေမှာ ပါရာဂွေးကိုအိမ်ကွင်းမှာ ၃-၀နဲ့ရှုံးခဲ့သလို ဘိုလစ်ဗီးယားကိုလည်း ၁-၀နဲ့အဝေးကွင်းမှာရှုံးတဲ့အတွက် အမှတ်ပေးဇယားမှာအဆင့် ၆ ရောက်ပြီး ခြေစစ်ပွဲအောင်ဖို့ မသေချာတော့ပါဘူး။
ကမ္ဘာ့ဖလားခြေစစ်ပွဲတောင်အမေရိကဇုန်မှာ ခြေစစ်ပွဲတွေပြီးဆုံးဖို့ ၂ ပွဲသာလိုတော့ပြီး ချီလီက အီကွေဒေါ၊ဘရာဇီးတို့နဲ့ကစားဖို့ကျန်နေပါသေးတယ်။ရှုံးခဲ့တဲ့ ၂ ပွဲအတွက် အရမ်းကိုဝမ်းနည်းမိပြီး ခြေစစ်ပွဲတွေပြီးလို့၂၀၁၈ ကမ္ဘ့ဖလားတက်ရောက်နိုင်ရင်ပြိုင်ပွဲပြီးတာနဲ့အနားယူတော့မယ်လို့ဗီဒဲလ်ကဆိုခဲ့ပါတယ်။
ခြေစစ်ပွဲမအောင်ခဲ့ရင်တော့ခပ်စောစောအနားယူရတာပေါ့လို့လည်းသူကဆိုပါတယ်။ ချီလီအတွက်အခုလိုဆက်တိုက်ရှုံးခဲ့တာဟာ နှစ်အနည်းငယ်အတွင်းမှာ အဆိုးဆုံးကြုံတွေ့ရမှုလည်းဖြစ်ပါတယ်။သူဟာချီလီအတွက် ၉၇ ပွဲကစားပေးခဲ့သူဖြစ်ပါတယ်။
Mocha
#sport.thithtoolwin.com
Ref: goal
0 comments :
Post a Comment