Powered by Blogger.

ချန်ပီယံလိဂ်သွင်းဂိုး ၁၀၀ ပြည့်မြောက့်ခဲ့ပြီဖြစ်တဲ့ လီယွန်နယ်မက်စီ



ဘာစီလိုနာအသင်းဟာ အိမ်ကွင်းမှာ ချဲလ်ဆီးအသင်းကို ၃-၀ ဆို့တဲ့ရလဒ်နဲ့ပြတ်သားစွာအနိုင်ယူပြီး ချန်ပီယံလိဂ်ကွားတာဖိုင်နယ်နယ်ကို တတ်ရောက်သွားပြီဖြစ်ပါတယ်။

အဆိုပါပွဲမှာ ၂ ဂိုးသွင်းယူခြေစွမ်းပြခဲ့တဲ့ ဘာစီလိုနာတိုက်စစ်မှူးမက်စီဟာ ချန်ပီယံလိဂ်မှာသွင်းဂိုး ၁၀၀ ပြည့်ခဲ့တဲ့ဒုတိယမြောက်ကစားသမားဖြစ်လာခဲ့တယ်လို့သိရပါတယ်။သူ့သွင်းယူခဲ့တဲ့ဒုတိယဂိုးဟာသူ့အတွက် ချန်ပီယံလိဂ်မှာမှတ်တိုင်သစ်ဖြစ်ခဲ့တာပါ။

အရင်ကဂိုး ၁၀၀ ပြည့်ခဲ့သူကစီရော်နယ်ဒိုဖြစ်ပြီး သူက ၁၁၇ ဂိုးနဲ့ပြိုင်ပွဲသမိုင်းမှာ ဂိုးအများဆုံးသွင်းသူအဖြစ်ရပ်တည်နေတာဖြစ်ပါတယ်။ဒါပေမယ့်မက်ဆီက ဂိုး ၁၀၀ ပြည့်ဖို့အတွက် ၁၂၃ ပွဲဘဲကစားခဲ့ရပြီး စီရော်နယ်ဒိုကတော့ ၁၃၇ ပွဲကစားပြီးမှပြည့်ခဲ့တာဖြစ်ပါတယ်။



Mocha

#sport.thithtoolwin.com

Ref:bbc
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment