Powered by Blogger.

မန်ချက်စတာဗုံးပေါက်ကွဲမူမှာပေါင် ၁သိန်းလှူဒါန်းခဲ့ တဲ့မန်စီးတီးစတားယာယာတိုရေးနှင့်သူ၏အေဂျင့် 



မန်ချက်စတာ စီးတီး အသင်းရဲ့ ကွင်းလယ် ကစားသမားဖြစ်တဲ့ ယာယာတိုရေး နဲ့ သူ့ရဲ့ အေးဂျင့်တို့ဟာ ပြီးခဲ့တဲ့တင်္နလာ နေ့ ညက ဖြစ် ပွားခဲ့တဲ့ မန်ချက်စတာ ဗုံးပေါက် ကွဲမှု က ထိခိုက်ဒဏ်ရာသူတွေ အတွက်နှစ်ဦးပေါင်းပေါင် ၁ သိန်းလှူဒါန်းသွားမယ် လို့ သိရ ပါတယ် ။

မန်ချက်စတာ အရီနာမှာပြုလုပ် ခဲ့တဲ့  ရှိုးပွဲတခုမှာ ဗုံးပေါက် ကွဲခဲ့တာဖြစ်ပြီး ၂၂ ဦး သေဆုံးခဲ့ကာ လူ၁၁၉ဦး ထိခိုက် ဒဏ် ရာရရှိခဲ့ပါတယ် ။ သေဆုံးသူတွေ အထဲမှာ အသက် ၈ နှစ် အရွယ် က လေးငယ် လေးတစ် ဦးလည်းပါဝင် ခဲ့တယ် လို့ သိရပါတယ် ။

“၈ နှစ် သမီးလေး က သူအနှစ် သက် ဆုံး အဆိုတော် နဲ့ တွေ့ဖို့ သွားခဲ့တာပါ ။ အခု သူ အိမ် ကိုမပြန်နိုင် တော့ပါဘူး ၊ အရမ်းခံစားရပါတယ် ။ ကျွန်တော့သားလေးကလည်း ၈ နှစ် ရှိပါပီ  သမီးလေးရဲ့ မိသားစုတွေ ဘယ် လောက် နာကျင် ခံစားနေရမလဲဆိုတာ ကျွန်တော်  မ တွေးရဲလောက် အောင် ပါပဲ ။ ဒါကြောင့် ဒီ ဖြစ် ရပ် မှာ ခံစားခဲ့ရသူတွေကို ကူညီဖို့ ယာယာနဲ့ ကျွန်တော် တိုင် ပင် ခဲ့ပီးတယောက်ပေါင် ၅သောင်းစီလှူဒါန်းမယ်လို့အေဂျင့် ဆီလတ်ကပြောဆိုခဲ့ပါတယ်

 “ယာယာက အိုင် ဗရီကိုစ့် သားပါ ။ ကျွန်တော် က ရုရှ က လာတာပါ ။ ဒါပေမယ့် ဒီနေ့မှာတော့ ဘောလုံး ဟာ တစ် သားတည်း ရှိတယ် ဆိုတာကို ပြသနိုင် တဲ့ အခွင့်အ ရေးပါပဲ” လို့ ဆီလက် က ပြောဆိုသွား ခဲ့ပါတယ် ။

Mocha

#sport.thithtoolwin.com

 Ref :Dail mail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment