Powered by Blogger.

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ပရီးမီးယာလိဂ်သင်းနဲ့ဘဲတွေ့ချင်တယ်လို့ ပြောဆိုလိုက်တဲ့ဖာမီနို


ပရီးမီးယာလိဂ်ထိပ်သီးအသင်းဖြစ်တဲ့ လီဗာပူးအသင်းရဲ့ တိုက်စစ်မှူးဖာမီနိုက ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ အင်္ဂလန်ပရီးမီးယာလိဂ် အသင်းနဲ့ဘဲတွေ့ဆုံချင်တယ်လို့ပြောဆိုလိုက်ပါတယ်။

လီဗာပူးဟာပေါ်တိုကို ၂ ပွဲပေါင်းရလဒ် ၅-၀ နဲ့နိုင်ပြီးကွာတားဖိုင်နယ်တက်ခဲ့တာဖြစ်ပါတယ်။ကွာတားဖိုင်နယ်မဲခွဲမှုကိုမတ်လ ၁၆ မှာကျင်းပသွားမှာပါ။လက်ရှိမှာ မန်စီးတီးလည်းကွာတားတက်သွားပြီဖြစ်လို့ မန်ယူနဲ့ချဲလ်ဆီးတို့ကျန်နေပါသေးတယ်။

ဖာမီနိုက"အင်္ဂလိပ်အသင်းတစ်ခုနဲ့ကွာတားမှာတွေ့ချင်ပါတယ်။ဘာလို့မဖြစ်နိုင်ရမှာလဲ။ပြည်တွင်းကထိပ်တန်းအသင်းတွေနဲ့တွေ့ရင်ကျွန်တော်တို့ရဲ့ကစားပုံကကောင်းတယ်လေ။ဒါပေမယ့်ဘယ်အသင်းနဲ့ဘဲတွေ့တွေ့ မကြောက်ပါဘူး"လို့ပြောသွားပါတယ်။

Mocha

#sport.thithtoolwin.com

Ref:daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment