ဘာစီလိုနာအသင်းနဲ့ ကွာတားဖိုင်နယ်မှာ မတွေ့ဆုံလိုကြောင်း ပြောဆိုလိုက်တဲ့ ဂျူဗင်တပ်နည်းပြအယ်လီဂရီ
အီတလီစီးရီးအေကလပ် ဂျူဗင်တပ်အသင်းရဲ့ နည်းပြ အယ်လီဂရီက လာမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်မှာ ဘာစီလိုနာ အသင်းနှင့် မတွေ့ဆုံလိုကြောင်းပြောဆိုလိုက်ပါတယ်။ ဂျူဗင်တပ် အသင်းဟာ ချန်ပီယံလိဂ် ရှုံးထွက် အဆင့်မှာ အင်္ဂလန် ကလပ် စပါး အသင်းကို နှစ်ကျော့ပေါင်း ရလဒ် ၄ ဂိုး ၃ ဂိုးဖြင့် အနိုင်ရပြီး ကွာတားဖိုင်နယ်ကို တက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
စပါးအသင်းကို အဝေးကွင်းပွဲစဉ် မှာအနိုင်ရယူကာ ပွဲအပြီးသတင်းစာ ရှင်းလင်းပွဲမှာတော့ အယ်လီဂရီက မိမိတို့ အသင်း အနေဖြင့် ကွာတားဖိုင်နယ်မှာ ဘာစီလိုနာနှင့် မတွေ့ဆုံလိုကြောင်း အပြင် ဘာစီလိုနာ အသင်းနှင့် နှစ်စဉ် နှစ်တိုင်း ဆုံတွေ့ခဲ့ရလို့ မျှော်လင့်ချက် ပျက်စီးခဲ့ရသည့် ဖြစ်ရပ်မျိုး ထပ်မံ မဖြစ်လိုတော့ကြောင်း ဆိုခဲ့ပါတယ်။
ဂျူဗင်တပ် အသင်းဟာ နောက်ဆုံး ၄ ရာသီ အတွင်းမှာ ဘာစီလိုနာ အသင်းနှင့် ၃ ကြိမ် တွေ့ဆုံခဲ့ဖူးပြီး ရလဒ်ပိုင်းအရ မကောင်းထားသလို ဘာစီလိုနာ အသင်းဟာ လက်ရှိ လာလီဂါမှာ ရှုံးပွဲ မရှိသေးသလို ချန်ပီယံလိဂ်မှာလည်း ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အသင်းလည်း ဖြစ်ပါတယ်။
Mocha
#sport.thithtoolwin.com
Ref:daily mail
0 comments :
Post a Comment