Powered by Blogger.

အန်တိုနီမာရှယ်ကို စာချုပ်သစ်ချုပ်ဆိုဖို့ ကြိုးစားနေတဲ့ မန်ချက်စတာယူနိုက်တက်


ပရီးမီးယာလိပ်ထိပ်သီးအသင်းဖြစ်တဲ့ မန်ယူအသင်းဟာ အသင့်းရဲ့ တိုက်စစ် ကစားသမား ဖြစ်တဲ့အန်တိုနီမာဆီရယ်ကို စာချုပ်သစ် ချုပ်ဆိုဖို့အတွက် ဆွးနွေးသွားမယ်လို့ သိရပါတယ်။

 ပြင်သစ် ကစားသမား ဖြစ်သူဟာ ၂၀၁၅ ခုနှစ်မှာ မိုနာကို အသင်းကနေ မန်ယူ အသင်းကို ရောက်လာခဲ့တာ ဖြစ်ပြီး လက်ရှိ စာချုပ်အရ ၁၅ လ ကျန်ရှိနေတာ ဖြစ်ပါတယ်။ မန်ယူ အသင်း အနေနဲ့ မာဆီရယ်ကို ကာလရှည် စာချုပ်သစ် ချုပ်ဆိုလိုပေမယ့် အနည်းဆုံး နောက်ထပ် တစ်နှစ်သာ စာချုပ်သစ် ချုပ်ဆိုဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

မာဆီရယ်ဟာ ယခုရာသီမှာ မန်ယူ အသင်း တိုက်စစ်မှာ အကောင်းဆုံး ခြေစွမ်းပြနေပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ အသင်းနှင့် စာချုပ်သစ် အတွက်ကို တစ်ကြိမ် ဆွေးနွေးခဲ့ပေမယ့် သဘောတူညီမှု မရရှိခဲ့ပါဘူး။ မန်ယူ အသင်း အနေဖြင့်လည်း ယခုတစ်ကြိမ်မှာတော့ မာဆီရယ်ကို စာချုပ်သစ် အတွက် သဘောတူညီမှု ရရှိမယ်လို့ ယုံကြည်နေပါတယ်။

Mocha

#sport.thithtoolwin.com

Ref:daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment