Powered by Blogger.

ကာဗာနီကို ခေါ်ယူဖို့ ရာသီကုန်အပြောင်းအရွှေ့မှာ ရီးရဲလ်အသင်းကြိုးစားမည်



ရီးရဲလ်နည်းပြ ဇီဒန်းကတော့ တိုက်စစ်အင်အားကို ဖြည့်တင်းဖို့အတွက် ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှူး ကာဗာနီကို ခေါ်ယူသွားဖွယ်ရှိနေပါတယ်။


တောင်ပံတိုက်စစ်က ဂါရက်ဘေးလ်ကတော့ ခြေစွမ်းပြနေပေမယ့်လည်း လိုအပ်တဲ့ ဂိုးတွေကို မသွင်းယူနိုင်ပေးနိုင်ခဲ့တာကြောင့် နည်းပြ ဇီဒန်းက ဂိုးတွေသွင်းပေးနိုင်မယ့် တိုက်စစ်မှူးတစ်ယောက်ကို အလိုရှိနေတာဖြစ်ပါတယ်။

စပိန် ဝက်ဘ်ဆိုက် Don Balon ကတော့ ဇီဒန်းဟာ ပီအက်စ်ဂျီမှာ အဖုအထစ် အနည်းငယ်ရှိနေတဲ့ တိုက်စစ်မှူး ကာဗာနီကို မျက်စိကျနေပြီး ဥရုဂွေး လက်ရွေးစင်တိုက်စစ်မှူးကလည်း နေမာရောက်ရှိလာပြီးတဲ့နောက် ပဲရစ်မှာ နေထိုင်ရတာကို အနည်းငယ် စိတ်အလိုမကျဖြစ်နေတာကြောင့် အသင်းပြောင်းဖို့ စဉ်းစားလျက်ရှိနေတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် ကာဗာနီကိုတော့ ရီးရဲလ်အသင်းက လာမယ့် ဇန်နဝါရီလမှာ စတင်ကမ်းလှမ်းမှုတွေ ပြုလုပ်ကာ ခေါ်ယူသွားဖွယ်ရှိနေတာဖြစ်ပါတယ်။

  Mocha

  #celebrity.thithtoolwin.com

  Ref : Daily Mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment