Powered by Blogger.

Marko Arnautovic ကို စတာလင်ပေါင် ၇.၅ သန်းနဲ့ PSG အသင်း ခေါ်ယူချင်နေ




ပဲရစ်စိန့်ဂျာမိန်း ဆိုတဲ့ PSG အသင်းဟာ စတုတ်စီးတီးအသင်းက ကစားသမား Marko Arnautovic ကို လာမယ့် အပြောင်းအရွှေ့ ကာလမှာ ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။

ပြင်သစ်နိုင်ငံက ထိပ်တန်းကလပ် PSG ဟာ သြစတြီးယား နိုင်ငံသား တိုက်စစ်မှုး Arnautovic ကို စောင့်ကြည့်နေခဲ့တာ ၂ နှစ်လောက်ရှိနေပါပြီ။ ဒီနှစ်ဘောလုံးရာသီမှာ Arnautovic ရဲ့  ခြေစွမ်းပြမှုတွေကြောင့် PSG အသင်းဟာ သူတို့ရဲ့ လှုပ်ရှားမှု စတင်ဖို့ အချိန်တန်ပြီဆိုတာကို ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

PSG အသင်းဟာ Arnautovic ရဲ့  ကိုယ်စားလှယ်တွေနဲ့ စကားပြောပြီးဖြစ်သလို စတုတ်စီးတီး အသင်းနဲ့ လည်း အပေးအယူ သဘောတူညီမှုအတွက် အခြေခံအဆင့် ချဉ်းကပ်မှုတွေ ပြုလုပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။ စတုတ်စီးတီး အသင်းအတွက်တော့ အခြားအားထားရတဲ့ ကစားသမားတွေဖြစ်တဲ့ Bojan ၊ Xherdan Shaqiri တို့နဲ့ အတွဲညီညီကစားနိုင်တဲ့ Arnautovic လို ကစားသမား မျိုးကိုလက်လွှတ်ချင်မှာ မဟုတ်ပါဘူး။

ဒါပေမယ့်လည်း ဘဏ္ဍာရေးတောင့်တင်းတဲ့ PSG အသင်း ရဲ့  ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၇.၅ သန်းနဲ့ ကမ်းလှမ်းခဲ့မှုဟာ စတုတ်စီးတီးအသင်းကို အပေးအယူ ဆွေးနွေးမှုထဲ စိတ်ပါလာစေခဲ့ပါတယ်။

Mocha

#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment