Powered by Blogger.

ချန်ပီယံလိဂ်ဝင်ခွင့်မရဘူးလို့ လှောင်ပြောင်တဲ့ စပါးပရိသတ်ကို လက်ခလယ်ထောင်ပြခဲ့တဲ့ ဘယ်လာရင်


စပါးပရိသတ်တစ်ယောက်ဟာ သူ့ရဲ့ကားပေါ်ကနေ ချန်ပီယံလိဂ်ဝင်ခွင့်မရရှိတဲ့အကြောင်းကို အာဆင်နယ်နောက်ခံကစားသမား ဘယ်လာရင်ကို အော်ဟစ်လှောင်ပြောင်ခဲ့ပြီး ဘယ်လာရင်ဟာလည်း သူ့ရဲ့ ကားပေါ်ကနေ လက်ခလယ်ပြန်ထောင်ပြခဲ့ပါတယ်။

 အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ရာသီပိတ်မှာ အဲဗာတန်အသင်းကို အနိုင်ရရှိခဲ့ပေမယ့်လည်း လီဗာပူးလ်အသင်းရဲ့ အနိုင်ရလဒ်ကြောင့် အဆင့်ငါးနေရာနဲ့ ကျေနပ်ခဲ့ရပြီး ဝင်နေကျ ချန်ပီယံလိဂ်နေရာတစ်ခု လွဲချော်ခဲ့ပြီး ယူရိုပါလိဂ်သာ ဝင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

စပါးပရိသတ်ဟာ ဘယ်လာရင်နဲ့ တွေ့ဆုံမှုကို မှတ်တမ်းတင်ထားနိုင်ခဲ့ပြီး "Champions League, they f****d it up!" လို့ ပြောခဲ့ချိန်မှာ ဘယ်လာရင်က အခုလိုပဲ လက်ခလယ်ထောင်ပြခဲ့တာပါ။ ဗီဒီယို အစမှာတော့ ဘယ်လာရင်ဟာ လက်မထောင်ပြခဲ့ပေမယ့်လည်း စပါးပရိသတ်က နောက်လိုက်ချိန်မှာ အခုလိုပဲ လက်ခလယ်ထောင်ပြခဲ့တာပါ။

ဒီဗီဒီယိုကို စပါးပရိသတ်က တွစ်တာစာမျက်နှာမှာ တင်လိုက်တာကြောင့် Hot ဖြစ်သွားခဲ့ပြီး ဘယ်လာရင်ကိုယ်တိုင်က ပြန်ရှဲကာ "ကျွန်တော့်ကို တစ်ယောက်ယောက်က အနိုင်ယူလိုက်တဲ့အခါ" လို့ ရေးသားပြီး အရွှန်းဖောက်ခဲ့တာဖြစ်ပါတယ်။


Mocha

#sports.thithtoolwin.com

Ref : Daily Mail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment