Powered by Blogger.

ဂိုးသွင်း အဆုံးသတ်ပိုင်းပညာကို အဂွဲရိုးဆီကနေ အတုယူခဲ့တယ်ဆိုတဲ့ စတာလင်


Image result for sterling man city
အင်္ဂလန်လက်ရွေးစင်နဲ့ မန်စီးတီးအသင်းရဲ့ အားထားရတဲ့ တောင်ပံကစားသမား စတာလင်ဟာဆိုရင်တော့ ဒီရာသီမှာ စီးတီးအတွက် ၁၁ ဂိုးသွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှုတွေကိုလည်း အကြိမ်များစွာပြုလုပ်ပေးထားပါတယ်။

တောင်ပံကစားသမားတစ်ယောက်အနေနဲ့ အခုလို ဂိုးတွေခပ်များများသွင်းယူထားနိုင်တာဟာ ဆိုရင်တော့ အသင်းဖော်တိုက်စစ်မှူး အဂွဲရိုးဆီက နည်းစနစ်ပိုင်းဆိုင်ရာ မှတ်သားစရာတွေကို သင်ယူနိုင်ခဲ့လို့ဖြစ်တယ်လို့ ပြောပါတယ်။

အာဂျင်တိုင်းလက်ရွေးစင်တိုက်စစ်မှူး အဂွဲရိုးဟာဆိုရင်တော့ မန်စီးတီးအသင်းရဲ့ ၁၉၃ ပွဲမှာ ၁၂၈ ဂိုးအထိသွင်းယူထားနိုင်ပြီး ပရီးမီးယားလိဂ်ရဲ့ ကြောက်မက်ဖွယ်အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ယောက်အဖြစ် မှတ်တမ်းဝင်ထားခဲ့သူ ဖြစ်ပါတယ်။

ဒါ့ကြောင့် စတာလင်က  “ကျွန်တော် ဂိုးသွင်းအဆုံးသတ်ကို သေချာ လုပ်ဆောင်ခဲ့တယ်။ ကျွန်တော် လုပ်ချင်တဲ့ စွမ်းဆောင်ရည်တွေထဲက တစ်ခုပါပဲ။ ကျွန်တော်တို့မှာ ကစားပွဲကို ဦးဆောင်ကစားပေးနိုင်တဲ့ အဂွဲရိုးလို တိုက်စစ်မှူးတစ်ယောက်ရှိပြီး ကျွန်တော်လည်း သူ့လိုဖြစ်အောင် ကြိုးစားနေပါတယ်။ ကျွန်တော် နေ့တိုင်း နေ့တိုင်း ကစားပုံတိုးတက်လာဖို့ကို အာရုံစိုက်နေပြီး ကစားပွဲတစ်ခုကို တိုးတက်အောင်ပြုလုပ်ပေးနိုင်ဖို့ အတွက် ကျွန်တော် ပေးဆပ်နိုင်သလောက် ပေးဆပ်ကစားနေပါတယ်။ ”

“ဆာဂျီယို(အဂွဲရိုး)ကတော့ ကမ္ဘာ့အဆင့်မီတိုက်စစ်မှူးတစ်ယောက်ပါ။ သူ့ဆီက ကျွန်တော်သင်ယူစရာတွေ အများကြီးရှိပါတယ်။ သူ့လို အဆုံးသတ်ပိုင်းမှာ သေချာတဲ့ တိုက်စစ်မှူးတစ်ယောက်ဖြစ်ဖို့အတွက် စောင့်ကြည့်စရာတွေအများကြီးရှိပါတယ်။




Mocha


#sports.thithtoolwin.com

Ref : The Sun

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment