Powered by Blogger.

သွင်းဂိုး၂ဂိုး သွင်းယူပြီး နောက်ထပ်စံချိန်တစ်ခု တင်လိုက်တဲ့ စီရော်နယ်ဒို


မနေ့ညကယှဉ်ပြိုင်ကစားသွားတဲ့ နိုင်ငံခြေစွမ်းပွဲစဉ် ပေါ်တူဂီအသင်းနဲ့အီဂျစ်အသင်းတို့ပွဲစဉ်မှာ ပေါ်တူဂီအသင်းက ၂-၁ နဲ့အနိုင်ရရှိခဲ့ပြီး အဆိုပါပွဲမှာ တိုက်စစ်မှူးစီရော်နယ်ဒိုဟာ ၂ ဂိုးသွင်းယူခဲ့ပြီးနောက်နိုင်ငံတကာအဆင့်ဂိုးသွင်းအများဆုံးစာရင်းမှာ ၈၁ ဂိုးနဲ့တတိယနေရာကိုရောက်ရှိလာပြီစံချိန်တစ်ခုထပ်မံရရှီသွားခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီအသင်းဟာ မိနစ်၉၀အထိ တစ်ဂိုးဖြင့်ရှုံးနေပေမယ့် နာကျင်အချိန်ပိုမိနစ်မှာစီရော်နယ်ဒိုရဲ့ ၂ ဂိုးနဲ့အတူ ၂-၁ နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။စီရော်နယ်ဒိုအထက်ကနှစ်ဦးကတော့ ပွတ်ရှ်ကက်စ်(ပေါ်တူဂီ/စပိန်၊ ၈၄ဂိုး)နဲ့ အလီဒါယီ(အီရန်၊ ၁၀၉ ဂိုး) တို့ဖြစ်ကြပါတယ်။

Mocha

#sport.thithtoolwin.com

Ref:theguardian
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment