Powered by Blogger.

ဒိုင်ဘာလာကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ အက်သလက်တီကိုမက်ဒရစ်



 အက်သလက်တီကိုမက်ဒရစ် အသင်း နည်းပြ ဒီယေဂိုဆီမြွန်နီဟာ ဒီရာသီကုန်မှာ အသင်းကနေ ထွက်ခွာဖို့ နီးစပ်နေတဲ့ တိုက်စစ်မှူး အန်တိုနီ ဂရစ်ဇ်မန်း နေရာ အတွက် ဂျူဗင်တပ် တိုက်စစ်မှူး ဒီဘာလာကို ခေါ်ယူလိုနေတယ်လို့သိရပါတယ်။

 သတင်းမီဒီယာများရဲ့ အဆိုအရ အက်သလက်တီကိုမက်ဒရစ် အသင်း နည်းပြ ဒီယေဂိုဆီမြွန်နီဟာ စားသောက်ဆိုင် တစ်ခုမှာ ဒီဘာလာနှင့် တွေ့ဆုံကာ ညစာစားခဲ့ကြောင်း ဖော်ပြနေသလို နှစ်ဦးသား ပြောဆိုနေတဲ့ အကြောင်း အရင်းကိုတော့ သတင်းလိုက်ခြင်း မရှိသေးပါဘူး။

 တကယ်လို့သာ အပြောင်းအရွှေ့ ဖြစ်ခဲ့ရင်တော့ အက်သလက်တီကိုမက်ဒရစ် အသင်းဟာ အဆိုပါ အာဂျင်တီးနား တိုက်စစ်မှူးကို အသင်း သမိုင်းမှာ တန်ကြေး အမြင့်ဆုံး ပေးပြီး ခေါ်ယူရမယ့် အနေအထား ဖြစ်နေပါတယ်။

Mocha

#sport.thithtoolwin.com

Ref:bbc
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a comment