Powered by Blogger.

ပရီးမီးယားလိဂ်သမိုင်းမှာ မှတ်တမ်းဝင်ခဲ့တဲ့ ဒါရင်းဖလက်ချာ



ပရီးမီးယာလိဂ်ကလပ် စတုတ်စီးတီးအသင်းရဲ့ ကွင်းလယ်လူ ဒါရင်းဖလက်ချာဟာဘုန်းမောက်နဲ့ကစားခဲ့တဲ့ပွဲထွက်လူစာရင်းမှာပါဝင်လာပြီးတဲ့နောက်ပရီးမီးယားလိဂ်မှာ ပွဲ ၁၀၀ဆက်တိုက်ကစားခဲ့တဲ့ ၈ ဦးမြောက်ကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့တယ်လို့သိရပါတယ်။

ဖလက်ချာနောက်ဆုံးလွဲခဲ့တဲ့ပွဲက ၂၀၁၅ ဇန်န၀ါရီ ၃၁ မှာ ၀က်စ်ဘရွမ်းမှာရှိတုန်း စပါးနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာဖြစ်ပြီး ၂၀၁၅ ဖေဖော်ဝါရီ ၈ ရက်တုန်းက ဘန်လေနဲ့ ၂-၂ သရေကျခဲ့တဲ့ပွဲမှာပြန်ပါပြီးတဲ့နောက် ဆက်တိုက်ပါဝင်ခဲ့ရာမှာ ပွဲ ၁၀၀ ဆက်သွားတာဖြစ်ပါတယ်။သူဟာ ၀က်စ်ဘရွမ်းနဲ့ ၉၁ ပွဲ၊စတုတ်နဲ့ ၉ ပွဲကစားခဲ့တာဖြစ်ပါတယ်။

သူဟာမန်ယူနဲ့နောက်ဆုံးရာသီတုန်းက အူမကြီးနဲ့ဆိုင်တဲ့ရောဂါကြောင့် အချိန်ကြာမြင့်စွာနားခဲ့ရသေးတဲ့အတွက်အခုလို ပွဲ ၁၀၀ဆက်ကစားနိုင်တဲ့အပေါ် အံအားသင့်နေကြပါတယ်။

Mocha

sport.thithtoolwin.com

Ref: 442
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment