Powered by Blogger.

အဆန်ဆီယိုကိုအလိုက်ပေးပြီး ဟာဇတ်ကိုခေါ်ယူဖွယ်ရှိတဲ့ ရီးရဲလ်မက်ဒရစ်


စပိန်ထိပ်သီးကလပ်ရီးရဲလ်မက်ဒရစ်အသင်းဟာကာလရှည်ပစ်မှတ်ထားနေတဲ့ ချဲလ်ဆီးအသင်းရဲ့တောင်ပံတိုက်စစ်ကစားသမား ဟာဇတ်ကိုလာမယ့်ဘောလုံးရာသီမှာအရခေါ်ယူဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။

ရီးရဲလ်အသင်းဟာ ဟာဇတ်ကိုလူငယ်ကစားသမားအဆန်ဆီယိုနဲ့အလိုက်ပေးပြီးခေါ်ယူဖွယ်ရှိတယ်လို့စပိန်အခြေစိုက်သတင်းဌာနများကအခိုင်အမာဖော်ပြနေကျပါတယ်။

ရီးရဲလ်လူငယ်ကစားသမားလေးအဆန်ဆီယိုဟာ ရီးရဲလ်အသင်းမှာထိပ်တန်းအဆင့်ခြေစွမ်းတွေပြသပြီး စီနီယာကစားသမား ဂါရက်ဘေးလ်ကိုကျော်လွန်ပြီးပွဲထွက်ခွင့်အပြည့်အ၀ရရှိထားတာဖြစ်ပါတယ်။အင်္ဂလန်မီဒီယာအချို့က အဆန်ဆီယိုဟာ ချဲလ်ဆီးမှာဟာဇာတ်ရဲ့ကျောနံပါတ် ၁၀ဂျာဆီဝတ်ဆင်ကစားဖွယ်ရှိတယ်လို့
ဖော်ပြကျပါတယ်။

Mocha

#sport.thithtoolwin.com

Ref: express
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment