Powered by Blogger.

မန်ယူအသင်းက အာဆင်နယ်ကွင်းလယ်လူ ရမ်ဆေးကို ခေါ်ယူရန်ကြိုးပမ်းလာ



မန်ယူအသင်းကတော့ ဆံပင်ပုံစံအပြန်စားနဲ့ အာဆင်နယ်ကွင်းလယ်လူ ရမ်ဆေး
ကို ခေါ်ယူဖို့အတွက် ကြိုးပမ်းလာတယ်လို့ သိရပါတယ်။ မန်ယူအသင်းဟာ ဒေါ့မွန်ကွင်းလယ်လူ အမ်ခီတာရန်ကို ခေါ်ယူဖို့အတွက် အနီးကပ်ကြိုးပမ်းနေခဲ့ပြီး ရမ်ဆေးကိုတော့ နောက်ထပ် ပစ်မှတ်တစ်ခုအနေနဲ့ ကြိုးပမ်းသွားဖွယ်ရှိနေတာဖြစ်ပါတယ်။

မန်ယူနည်းပြ မော်ရင်ဟိုကတော့ ပေါ့ဂ်ဘာဟာ သူ့ရဲ့ အကောင်းဆုံးကွင်းလယ်ဗိုလ်ချုပ်လို့ ပြောခဲ့ပေမယ့်လည်း ပေါ့ဂ်ဘာရဲ့ တန်ကြေးကတော့ အတော်လေးကို မြင့်မားနေတာကြောင့် အခုလို တစ်ခြားကွင်းလယ်လူတွေကို ပစ်မှတ်ထားလာတာဖြစ်တယ်လို့ သိရပါတယ်။ အသက် ၂၅ နှစ်ရှိနေပြီဖြစ်တဲ့ ကွင်းလယ်လူ ရမ်ဆေးဟာ မန်ယူအသင်းကို ၂၀၀၈ ခုနှစ်တည်းက ရောက်ရှိလာဖို့ နီးစပ်နေခဲ့ပြီး ဖာဂူဆန်က ကာရင်တန်လေ့ကျင့်ရေးကွင်းကိုတောင် ခေါ်ယူလေ့ကျင့်ဖို့ ပြုလုပ်နေခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း အာစင်ဝင်းဂါးက ရမ်ဆေးကို တစ်ဦးချင်းတွေ့ဆုံမှုပြုလုပ်ပြီး အာဆင်နယ်ကို အသက် ၁၇ နှစ်သားကို ခေါ်ယူသွားခဲ့တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် မန်ယူအသင်းနဲ့ ရမ်ဆေးတို့ ကံမပါခဲ့ဘဲ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားသမားတစ်ယောက်အဖြစ် အခုလိုဖြစ်လာခဲ့တာပါ။ ကာဒစ်ဖ်အသင်းကနေ ကစားသမား ဘဝကို စတင်ခဲ့တဲ့ ရမ်ဆေးဟာဆိုရင်တော့ လောလောဆယ် ယူရိုပြိုင်ပွဲမှာလည်း ခြေစွမ်းပြလျက်ရှိနေတာကြောင့် အသင်းကြီးအတော်များများက သူ့ကို ကမ်းလှမ်းမှုတွေ ပြုလုပ်ဖို့ စိတ်ဝင်စားလာတယ်လို့ သိရပါတယ်။


Mocha

#sports.thithtoolwin.com

Ref : Manchester Evening

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

1 comments :

  1. Safeguard Trader Review

    The difference between binary options vs traditional options is in its trade structure. Although there are differences they are also similar in many ways. Underlying assets are traded in both markets and they have a predetermined expiry period or date that is determined before placing a trade. The different types of assets that are traded in both the markets are also similar with some assets not traded in the binary market.

    http://centumentltdreview.com/safeguard-trader-review/

    ReplyDelete