Powered by Blogger.

ရီးရဲလ်မက်ဒရစ်အသင်းနဲ့  ဆုဖလားတွေအများကြီး ထပ်မံရယူချင်တယ်ဆိုတဲ့ တိုက်စစ်မူးဘန်ဇီမာ



ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ ကာရင်ဘန်ဇီမာဟာ ၎င်းအနေဖြင့် အသင်းကနေ ထွက်ခွာဖို့ အစီအစဉ် မရှိကြောင်းပြောဆိုပြီး ဒါအပြင် အသင်းအတွက် "ကျွန်တော်ဆုဖလားတွေအများကြီးဒီထက် ပိုပြီး ရယူဖို့ အတွက်ကသူရဲ့ အိမ်မတ်ဖြစ်တယ်"လို့ ပြောဆိုလိုက်ပါတယ်။

အသက် ၂၉ နှစ် အရွယ်ရှိ တိုက်စစ်မှူး ဘန်ဇီမာဟာ ရီးရဲလ်မက်ဒရစ် အသင်းမှာ ၈ ရာသီကြာ ကစားခဲ့ပြီးနောက် ယခုနွေရာသီမှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းကြီးနေပါတယ်။

အဆိုပါ ပြင်သစ် တိုက်စစ်မှူး ဖြစ်သူဟာ ၂၀၁၆-၂၀၁၇ ရာသီမှာ ပြိုင်ပွဲ အရပ်ရပ် ၁၉ ဂိုး အထိ သွင်းယူခဲ့ပြီး အသင်း အတွက်ကို စပိန်လာလီဂါနှင့် ချန်ပီယံလိဂ် ဖလား ရရှိစေခဲ့သူ ဖြစ်ပါတယ်။ စပိန်မာကာ သတင်းစာနှင့် တွေ့ဆုံခန်းမှာတော့ ဘန်ဇီမာက ကျွန်တော့်ရဲ့ အိပ်မက်ကတော့ ရီးရဲလ်မက်ဒရစ် အသင်းနှင့်အတူ ဆု ဖလားတွေ ဆက်ပြီး ရယူဖို့ ဖြစ်ပါတယ်လို့ ဆိုခဲ့ပါတယ်။

 ဘန်ဇီမာဟာ ၂၀၀၉ ခုနှစ်မှာ လိုင်ယွန် အသင်းကနေ ရီးရဲလ်မက်ဒရစ် အသင်းကို ရောက်လာခဲ့ပြီး အသင်း အတွက်ကို ဂိုးပေါင်း ၁၈၀ အထိ သွင်းယူထားနိုင်ခဲ့သူ ဖြစ်ကာ စပိန်လာလီဂါ ဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ် ဖလား ၃ ကြိမ် အပါအ၀င် ဆုဖလား အစုံ ရယူ ထားနိုင်ခဲ့ပါတယ်။

Mocha

#sport.thithtoolwin.com

Ref: Marca
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment