သွင်းဂိုး၂၈ဂိုးဖြင့် ဥရောပဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆု အတွက် ထိပ်ဆုံးမှ ဦးဆောင်နေတဲ့လီဗာပူးတိုက်စစ်မှူး မိုဟာမက်ဆာလတ်
လီဗာပူးလ်အသင်း တိုက်စစ်ကစားသမား ဖြစ်တဲ့ မိုဟာမက်ဆာလက်ဟာ ဥရောပ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆု ဆန်ခါတင် အဆင့်မှာသွင်းဂိုး၂၈ဂိုးဖြင့် ထိပ်ဆုံးမှာရပ်တည်နေတယ်လို့သိရပါတယ်။
ဆာလတ်ဟာ ၀က်ဖို့ဒ် အသင်းကို ၅ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ တစ်ဦးတည်း ၄ ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
သူဟာ ယခုရာသီမှာ ပွဲ ၃၀ ကစားပြီး ၂၈ ဂိုး အထိ သွင်းယူထားခဲ့တဲ့ ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ဥရောပ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို စုစုပေါင်း သွင်းဂိုး ၃၇ ဂိုးဖြင့် ရရှိခဲ့တဲ့ ဘာစီလိုနာ အသင်း တိုက်စစ်မှူး မက်ဆီကတော့ ဒီရာသီမှာ ပြီးခဲ့တဲ့ ဘီဘာအိုလ် အသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့တဲ့ အိမ်ကွင်း ပွဲစဉ် အပါအ၀င် လာလီဂါ ၂၈ ပွဲမှာ ၂၅ ဂိုးသာ သွင်းယူထားပြီး လက်ရှိ အနေအထားအရ ဒုတိယနေရာမှာ ရပ်တည်နေကြောင်း သိရပါတယ်။
Mocha
#sport.thithtoolwin.com
Ref:skysport
0 comments :
Post a Comment