Powered by Blogger.

အင်္ဂလန်ပြည်တွင်း အချမ်းသာဆုံး အားကစားသမားအဖြစ် ရွန်းနီရပ်တည်


အင်္ဂလန်ပြည်တွင်းမှာ ကစားလျက်ရှိနေကြတဲ့ အချမ်းသာဆုံးအားကစားသမားစာရင်းမှာတော့ မန်ယူအသင်းခေါင်းဆောင်နဲ့ တိုက်စစ်မှူး Rooney (ရွန်းနီ) က နံပါတ်တစ် နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒီစာရင်းမှာတော့ အင်္ဂလန်ပြည်တွင်းမှာ လာရောက်ကစားနေတဲ့ ပြည်ပက အားကစားသမားတွေကိုလည်း ထည့်သွင်းတွက်ချက်ခဲ့ပါတယ်။






ရွန်းနီဟာ ဒီနှစ်ပရီးမီးယားလိဂ်မှာ မန်ယူအသင်းအတွက် ခြေစွမ်းပြသနိုင်မှုမရှိပေမယ့်လည်း ရရှိနေတဲ့လစာနဲ့ ပုံရိပ်အသုံးပြုခွင့်တွေကနေ ဝင်ငွေတွေတစ်နင့်တစ်ပိုးရရှိနေတာပါ။ ရွန်းနီရဲ့ ကြွယ်ဝမှုတန်ဖိုးဟာ ပေါင် ၈၂ သန်းအထိ ရှိနေပြီး ထိပ်ဆုံးကနေ ပြတ်ပြတ်သားသားဦးဆောင်နေတာပါ။




ရွန်းနီရဲ့နောက်မှာတော့ ဂရင်းစလင်းချန်ပီယံနှစ်ကြိမ်ရရှိထားတဲ့ အင်္ဂလန်တင်းနစ်အကျော်အမော် အန်ဒီမာရေးက ကြွယ်ဝမှု ပေါင် ၅၇ သန်းနဲ့ရပ်တည်နေပြီး တတိယနေရာမှာတော့ Major ပြိုင်ပွဲလေးကြိမ်ချန်ပီယံ ဂေါ့ဖ်ကစားသမား ရော်ရီမက်အီရွိုင်းလ်က ကြွယ်ဝမှု ပေါင် ၅၆ သန်းနဲ့ ရပ်တည်လျက်ရှိနေပါတယ်။






ဒီသုံးယောက်ရဲ့နောက်မှာတော့ ဘောလုံးသမားတွေကသာ ဒီစာရင်းကို ဦးဆောင်သွားပြီး ဂါရတ်ဘေးလ်နဲ့ အဂွဲရိုးတို့လို ကစားသမားတွေလည်း ပါဝင်လာတာတွေ့ရပါတယ်။

ရွန်းနီရဲ့အခုလို ဝင်ငွေကောင်းနေရတဲ့အကြောင်းရင်းကတော့ မန်ယူအသင်းမှာ တစ်ပတ်လုပ်ခ ပေါင်သုံးသိန်းရရှိနေပြီး စပွန်ဆာကုမ္ပဏီတွေဖြစ်တဲ့ Nike နဲ့ Samsung တို့ဆီကနေလည်း ဝင်ငွေတွေ အလုံးအရင်း ရရှိနေတယ်လို့ သိရပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : The Sun

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment