လီဝန်ဒေါစကီးကို ခေါ်ယူဖို့ ချယ်လ်ဆီးကမ်းလှမ်း
ချယ်လ်ဆီးဟာ ဘိုင်ယန်မြူးနစ်စတား လီဝန်ဒေါစကီးကို ဒီနွေအပြောင်းအရွှေ့ဈေးကွက်မှာ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ကြောင်း သတင်းတွေထွက်လာပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ခုနှစ်တုန်းက ဘိုင်ယန်ကို ပြောင်းလာပြီး ပွဲပေါင်း ၁၄၇ပွဲကစားပြီး ၁၁၀ဂိုးသွင်းယူထားနိုင်ခဲ့တဲ့ တိုက်စစ်မှူးကို လာမယ့် လမှာ ခေါ်ယူနိုင်အောင် ကြိုးပမ်းသွားမှာပါ။
The Sun ရဲ့ ပြောကြားချက်အရ ချယ်လ်ဆီးဟာ ပိုလန်တိုက်စစ်မှူးကို အန်တိုနီယိုကွန်တီရဲ့ ဒီယေဂိုကော်စတာနဲ့ အစားထိုးမယ့်အစီအစဉ်အတွက် စတန်းဖို့ဒ်ဘရစ်ခ်ျမှာ အလိုရှိနေတာပါ။
လီဝန်ဒေါစကီးဟာ ဘိုင်ယန်နဲ့အတူ ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းကမှာ စာချုပ်သက်တမ်းတိုးခဲ့တာဖြစ်ပြီး သက်တမ်းက ၂၀၂၁ခုနှစ်မှ ကုန်ဆု့းမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သတင်းတွေကတော့ လီဝန်ဒေါစကီးအနေနဲ့ ဂျာမန်ဘွန်ဒစ်လီဂါမှာ မကစားလိုတော့ဘူးလို့ ဆိုနေကြပါတယ်။
လီဝန်ဒေါစကီးရဲ့ အေးဂျင့် Maik Barthel က Kicker ကို ပြောကြားချက်အရ “ရောဘတ်က ကျွန်တော့်ကို နည်းပြက သူ့ကို ပြီးခဲ့တဲ့ ရာသီတုန်းက မကူညီခဲ့ဘူးလို့ ပြောပါတယ်။ သူစိတ်ပျက်နေပါတယ်” လို့ ဆိုခဲ့ပါတယ်။
အပြာရောင်တွေအနေနဲ့ ရိုမီယူလူကာကူကို ဆက်လက်ညှိနှိုင်းနေဆဲ ဖြစ်ကြောင်းလည်း သိရပါတယ်။
Mocha
#sport.thithtoolwin.com
Ref: Metro
0 comments :
Post a Comment